Friday, January 8, 2010

myanmar time

ပုရိသ ခေါ်သော ယောက်ျား တို့သည်
၁။ ယောက်ျားတွေဟာ အလွန် အလုပ်များကြပါတယ်။
၂။ အလုပ် သာမအားတယ် အမျိုးသမီးတွေအတွက်တော့ သူတို့မှာ အချိန်ရှိသား။
၃။ အမျိုးသမီးအတွက် အချိန်ပေးပေမယ့် တကယ်တမ်း ဂရုစိုက်ကြတာတော့ မဟုတ်ပါဘူး။
၎။ ဂရုတာမစိုက်ကြပေမယ့် ဘေးမှာတော့ တယောက်အမြဲတွဲလို့ပါလျက်။
၅။ ဘေးကတွဲလျက်တယောက်ပါနေပေမဲ့လည်း နောက်တစ်ယောက်တွေကို အမြဲလက်တည့် စမ်းနေကြတာပါပဲ။
၆။ သူတို့ကသာ သစ္စာမရှိချင်ကြပေမယ့် သူတို့ကို စွန့်ပစ်သွားရင်တော့ အခံရခက်တတ်ကြတယ်။
၇။အခံရခက်တတ်ကြပေမယ့်လည်း ဘယ်တော့မှ ပြုပြင်တယ်မရှိဘဲ တွေ့သမျှအမြဲလက်တည့် စမ်းနေကြတာပါပဲ။

ယောက်ျားတွေအတွက် အမှန်တရားကတော့ ငါ ငါ ငါ …….
Reference form newspaper and share by novemberpearl


ဣတ္ထိယ ခေါ်သော မိန်မတို့သည်
၁။ အမျိုးသမီးတစ်ယောက် အတွက် အရေးကြီးဆုံးက ငွေပါပဲ။
၂။ ငွေက အရေးကြီးတယ်ဆိုပေမယ့် တန်ဖိုးကြီးအ၀တ်အထည်တွေဝယ်ပြီး ဒီငွေတွေကို ဖြုန်းနေကြတာပဲ။
၃။ အ၀တ်အစားတွေ ဘယ်လောက်ဘဲ ၀ယ်ဝယ် သူတို့မှာ ဘယ်တော့မှ ၀တ်စရာ မရှိဘူး ဆိုနေတော့တာပါပဲ။
၎။ ၀တ်စရာ မရှိဘူး သာဆိုတယ် အပြင်ထွက်လာရင် ကြော့လို့မော့လို့ လှလို့ပလို့။
၅။ ဘယ်လောကပဲ လှလှပပ ၀တ်ရ၀တ်ရ ကျေနပ်ရောင့်ရဲနိုင်တယ် ကိုမရှိဘူး။
၆။ ကျေနပ်ရောင့်ရဲမှုသာ မရှိတယ် အချီးမွမ်းတော့ခံချင်ကြသား။
၇။ ချီးမွမ်းခံရပြန်တော့လည်း ချီးမွမ်းတဲ့လူကို ယုံကြည်ကြတာမဟုတ်ဘူး။

မိန်မတွေ အတွက် အမှန်တရားကတော့ ဟ ဟာ ဟား…….
Reference form newspaper and share by novemberpearl

No comments:

Post a Comment