Friday, January 8, 2010

အလကားဆိုတဲ့….

သင့် ဘေးပတ်ဝန်းကျင်ကိုသင်သတိထားမိရဲ့လား။ အလကားရတာကတန်ဖိုးအကြီးဆုံးပါ။
နေရောင်ခြည် အဖိုးခကြေးငွေမပေးရပါဘူး။ နေရောင်ခြည်မရှိပဲလဲ မရှင်သန်နိုင်ပါဘူး။ ဒီလိုအလကားရနေတာကို သင်သတိထားမိလား။
လေထု ဒါလဲအလကားရတာပါပဲ။ အသက်ရှင်နေသရွေ့ အသက်ရှူနေရတယ်။ ဒီလေထုနဲ့ ကင်းကွာလို့မရဘူး။ ဒါကို သုံးစွဲနေသလောက် ငွေမရှင်းရပါဘူး။
အချစ် အလကားရတာပါ။ ဒီလိုပြောလို့ အချစ်ကသိပ်ပေါနေပါတယ်လို့ မဆိုလိုပါဘူး။ ဆက်ဖတ်ကြည့်ပါ။ ရင်ထဲက ခံစားချက်တစ်ခုတည်းနဲ့ ဒီဖြစ်ပေါ်လာရတဲ့ အချစ်။ မြတ်နိုးမှုအတွက် တာဝန်ယူမှု။ အကြွေးမယူပဲ ဆပ်နေရတဲ့ပေးဆပ်မှု။ ခိုင်မြဲတဲ့ သံယောဇဉ်။ ဒါတွေကို သင်ငွေရှင်းနေရလား။
မိဘမေတ္တာ ၉လလွယ်၁၀လဖွားကနေ ကိုယ်တိုင်ုရပ်တည်နိုင်တဲ့အထိ အတိုင်းအတာမရှိပေးဆပ်မှုဟာ သွေးတစ်စက်ကြောင့်ပါပဲ။ ကျေးဇူးပြန်ဆပ်မှ သားသမီးအပေါ်ကောင်းမယ်လို့ ဘယ်မိဘမှမရည်ရွယ်ပါ ဘူး။
သူငယ်ချင်း အထီးကျန်နေတဲ့အချိန်မှာ အနားနားရှိနေမယ်။ လဲကျစဉ်မှာ ထူပေးမယ်။ ၀မ်းနည်းတဲ့အချိန်မှာ ပခုံးငှားပေးမယ်။ ဒုက္ခရောက်စဉ်မှာ ကူညီမယ်။ ဒါကိုသင့်သူငယ်ချင်းက ဘာတွေပြန်တောင်းဆိုလို့လဲ။
တခြား အများကြီးရှိပါသေးတယ်။ ဒီလောက်ဆိုရင်တော်ပါပြီ။ များသွားရင် ပေါသွားမယ်။ ဒါလေးတွေက သိပြီးသားဆိုပေမဲ့ သိသလိုနဲ့ မေ့နေကြတာပါ။ ခုဆိုမေ့နေရင်လည်း သတိပြန်ရပြီမို့ ဒါလေးတွေကို တန်ဖိုးထားတတ်ကြပါစေလို့ (novemberpearl)နိုဝင်ဘာပုလဲ မှတန်ဖိုးထားမျှဝေပေးလိုက်ပါတယ်။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment