Friday, January 8, 2010

ရေခွက်နှင့်ရေ

ရေခွက် - “အထီးကျန်လိုက်တာ၊ ရေလိုတယ်၊ ရေထည့်ပေး…”
သခင် - “ကောင်းပြီ၊ ရေရှိရင် အထီးမကျန်တော့ဘူးလား…”
ရေခွက် - “ဟုတ်တယ်ထင်တယ်…”
ဒါနဲ့ သခင်က ရေကိုလောင်းထည့်ပေးလိုက်တယ်…
ရေပူဖြစ်နေတယ်၊ ရေခွက်ကသူအရည်ပျော်တော့မလို ခံစားရတယ်၊ ဒါက အချစ်ရဲ့စွမ်းအင်တွေလား လို့စဉ်းစားတယ်။
တဖြည်းဖြည်း ရေနွေးလာတယ်…. ရေခွက်လည်း နေလို့ကောင်းလာတယ်…. ဒါလည်းအချစ်ရဲ့ခံစားမှုပဲ ဆိုပြီး စဉ်းစားပြန်တယ်…..
နောက်ဆုံးတော့ ရေအေးသွားတယ်၊ ရေခွက်လေးကြောက်လာတယ်၊ ဘာကိုကြောက်နေမှန်းမသိဘူး။ ဒါက ဆုံးရှူံးမှုရဲ့အရသာလား။
ရေအရမ်းအေးသွားတဲ့အချိန်မှာ ရေခွက်လေးအရမ်းစိတ်ကုန်လာတယ် ဒါက ရေစက်ဆုံးပြီပေါ့….
“သခင်၊ ရေသွန်ပေးပါ၊ မလိုအပ်တော့ဘူး” ဆိုပြီးရေခွက်လေးအော်နေရှာတယ်… ဒါပေမဲ့ သခင်မရှိတော့ဘူး။
ရေခွက်ကသူရေအောက်မှာ မွန်းကြပ်လို့သေတော့မယ်…. ရင်ထဲကိုထည့်ထားရတာ.. မခံစားတတ်တော့ဘူး။
ရေခွက်ဟာ လှုပ်ရင်းခါရင်းနဲ့ နောက်ဆုံး ရေတွေထွက်ကုန်တယ်…ရေခွက်လေးအရမ်းပျော်သွားတယ်… ရုတ်တရက် ရေခွက်ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်….
ရေခွက်လေးကွဲသွားတယ်…မသေခင်လေးမှာ….ရေလေးရေခွက်ထဲမှာရှိခဲ့စဉ်ကို သူတမ်းတနေတယ်… သူသိသွားတယ်… သူရေကိုချစ်တယ်… သူရေကို ဘယ်လောက်ချစ်တယ်ဆိုတာကို …. ဒါပေမဲ့ …. ရေခွက်ထဲမှာ ရေ လုံးဝပြန်မရှိနိုင်တော့တာကို… တွေးရင်…ရေခွက်လေးငိုကြွေးနေရှာတယ်…. မျက်ရည် နဲ့ ရေ ကရောသွားပြီး နောက်ဆုံးအကြိမ် ချစ်ဖို့ သူကြိုးစားတယ်…..သူတောင်းတတယ်….
သခင်က ကွဲနေတဲ့ အစအနလေးတွေကို ကောက်ယူစဉ်မှာ လက်ကိုရှမိတယ်….
သွေးတွေထွက်လာတယ်….
ရေခွက်လေးရီတယ်…ဒါအချစ်လား…နာကြင်တာတွေရမှမြတ်နိုးရမှန်းသိတာလား။
ရေခွက်လေးရီတယ်…အချစ်ဆိုတာဘာလဲ…လက်လွတ်ဆုံးရှူံးသွားမှ..နားလည်တာလား။
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

No comments:

Post a Comment