Friday, January 8, 2010

လက်ငါးချောင်း

လက်ငါးချောင်းထဲမှာ ဘယ်သူအတော်ဆုံးလဲ ဆိုပြီးတော့ ရန်ဖြစ်ကြတယ်။
လက်မက “ငါသာအတော်ဆုံး ချီးကျူးရင် တော်ရင် ငါကိုပဲထောင်ကြတာ”
လက်ညှိုးကလည်း “ငါမှတော်တာ ဘယ်သူဘာအမှားရှိလဲဆိုတာ ငါကထောက်ပြနိုင်တယ်”
လက်ခလယ်ကမာန်မာနကြီးစွာနဲ့ “ငါ့လောက်ဘယ်သူရှည်လဲ နင်တို့တွေက ပုလဲပု သေးလဲသေး ငါသာလျှင်အတော်ဆုံး”
လက်သူကြွယ်က “နင်တို့ဘာမှမပြောနဲ့တော့ လူက ငါ့ကိုအယုံကြည်ဆုံး လက်ထက်လက်စွပ်ကို ငါဆီမှာပဲ ၀တ်တာ”
လက်သန်းကအားကျမခံစွာနဲ့ “ငါကအသေးဆုံးဆိုပေမဲ့ ဘုရားရှိခိုး ဆုတောင်းရင် ငါကထိပ်ဆုံးမှာနေတာ”
…………………..
ဆိုလိုချင်တာကတော့ လူတိုင်းမှာ အားသာချက် အားနည်းချက် ဆိုတာရှိပြီးသားပါ။ တခြားသူရဲ့ အားသာချက်ကိုကြည့်ပြီး အားနည်းချက်တွေကိုပြင်မယ်။
အချင်းရိုင်းပင်းကြရင် ပြီးပြည့်စုံမှာပါ။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment