Friday, January 8, 2010

အချစ်ခရီးလမ်း

အချစ်ခရီးလမ်းမှာ လူလေးယောက်ကို ရှာဖွေရတာကို သင်တို့သိရဲ့လား ?
ပထမ က သင်ကိုယ်တိုင်ပါပဲ။
ဒုတိယ က သင်ချစ်တဲ့သူ။
တတိယ က သင်ကိုချစ်တဲ့သူ။
နောက်ဆုံး က သင့်ရဲ့လက်တွဲဖေါ်။
ပထမဦးဆုံး သင်ချစ်တဲ့သူကို တွေ့ပါလိမ့်မယ်။ အချစ် ကို စတင် သိရှိပါမယ်။
ချစ်တာနဲ့ အချစ်ခံ ရတဲ့ကြားမှ အချစ်ကို နားလည်လာလိမ့်မယ်။
ဘာကို သင်လိုချင်သလဲ ?ဆိုတာကို နားလည်လာလိမ့်မယ်။
သင်နဲ့သင့်တော်မယ့် သူကို ရွေးချယ်နိုင်လာမယ်။
ဝမ်းနည်းစရာကောင်းတာကတော့ ဒီသုံးယောက်ဟာ တစ်ယောက်တည်းဖြစ်ချင်မှဖြစ်လိမ့်မယ်……………………..
သင့်ကိုချစ်တဲ့သူကို သင်ကပြန်မချစ်နိုင်ဘူး။ Right Time Right Person မဟုတ်နေလို့ပါ။
ချစ်တယ် မချစ်ဘူး ဆိုတာကို ဘယ်လိုမှ ဟန်ဆောင်လို့မရပါဘူး……
အချစ်ဟာရယူခြင်းလည်းမဟုတ်ပါဘူး။ လမင်းကို သင်မပိုင်ဆိုင်နိုင်သလိုပေါ့။
ဒါပေမဲ့ လမင်းရဲ့အလင်းရောင်ကိုတော့ သင်ရရှိနေမှာပါ။
တစ်ယောက်ယောက်ကို ချစ်မိရင် တခြားနည်းနဲ့ ပိုင်ဆိုင်လို့ရပါတယ်။
“အတိတ်” ကိုပိုင်ဆိုင်နိုင်ပါတယ်။
ချစ်မိသွားပြီဆိုရင် အကောင်းအဆိုး၊အားနည်းချက်၊အားသာချက် မှန်သမျှကို လက်ခံနိုင်ရမယ်။
သူ့ကို သင့်ရဲ့ပုံစံထဲ မသွင်းပါနဲ့။
အချစ်စစ်မှာ ဘာကြောင့်ချစ်ရတာလဲ ဆိုတဲ့ မေးခွန်းမှာ အဖြေမရှိပါဘူး။ အမြဲ အတူနေချင်တယ်….တောင်းဆိုချက်မရှိဘူး…..
ချစ်ပြီဆိုမှတော့ ပေးဆပ်ရတာပါပဲ……..
သင်တို့ရင်ဆိုင်ရမယ့် လမ်းခွဲခြင်း ကို သင်တို့ စိတ်မခိုင်ရင် အရှူံးပေးရမယ်။ အချစ်စစ်မှာ အညှိုးတွေမရှိဘူး။
သစ္စာဆိုခိုင်းကြတယ် ဆိုတာလည်း တစ်ဦးကို တစ်ဦး မယုံကြည်ကြလို့ပါ။
သင်အခု ဘယ်သူ့ကိုတွေ့ပြီလဲ? သင်ကကော ဒုတိယ? တတိယ?
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

No comments:

Post a Comment