Friday, January 15, 2010

သင်နောင်တရဖူးလား

အားလုံးကနာကျင်ကြမှ ခံစားရမှ နားလည်တတ်ကြတယ်။
ငါအသည်းထက်မှာကဗျည်းထိုးထားတယ်ဆိုတဲ့ အချစ်မျိုးကို ပိုင်ဆိုင်ခဲ့ဖူးတယ်။
ဒီကောင်လေးကတော့ ငါရဲ့ ပထမဆုံးချစ်သူပေါ့….
မြင်မြင်ချင်း ချစ်ခဲ့ကြတာပါ….
သူ့ကိုစသိတုန်းက သူ့ကို စနောက်နေမြဲပါ…
အချိန်တွေကြာလာတော့ ချစ်သူရည်းစားတွေဖြစ်သွားတယ်…
အချစ်ကအစမှာတော့ ပျော်ရွှင်ပါတယ်… ဒီလိုပဲ ဘ၀တစ်လျှောက်ပျော်ရွှင်မယ်လို့ ထင်ခဲ့တယ်။
ဖုန်းနဲ့အမြဲချိန်းတွေ့နေတဲ့ အတွဲလေးပါ…..
ဒါကို ငါပျော်ရွှင်ကျေနပ်ခဲ့တယ်…..
သူတဖြည်းဖြည်း ငါ့ကို စိမ်းကားလာတယ်… ဖုန်းတွေမပြောတော့ဘူး….
အချစ်ဆိုတာ ဝေးတာနီးတာနဲ့မဆိုင်ဘူးလို့ထင်ခဲ့တယ်….
သူ့အချစ်ကို အချစ်စစ်လို့ ယုံခဲ့တယ်……
သူငါ့နားက လုံးဝထွက်သွားတယ်….
ငါနောင်တရခဲ့တယ်….
ငါ့နားကိုပြန်လာပါ….ငါချစ်တာက သူပါ….ငါ့ရဲ့ကျင်နာမှုတွေ ဂရုစိုက်မှုတွေ နားလည်မှုတွေကို ငါမပေးလိုက်ရတာတွေကို နောင်တရတယ်…
ငါ့ရဲ့စစ်မှန်တဲ့ ငါ့ကို သူပိုင်ဆိုင်ရင် သူငါ့နားကခွဲခွါမှာမဟုတ်ဘူး….
ခုတော့ ငါ သူပျော်ရွှင်ပါစေလို့ ဆုတောင်းရုံကလွဲလို့ ဘာမှာမတက်နိုင်တော့ပါဘူး။
သူနဲ့ဝေးပြီးတဲ့ ဒီ နှစ်တွေကို ငါဘယ်လိုဖြတ်ကျော်လာခဲ့တယ်ဆိုတာကိုလဲ မသိပါဘူး။
သူ့ကို စောင့်မျှော်နေတာလား ဆိုတာကိုလဲ မသိပါဘူး……
သူပြောဖူးတယ် ငါက သူ့ရဲ့ အချစ်ဦးတဲ့….
ဒါပေမဲ့ မင်းသိရဲ့လား ငါရဲ့ အချစ်ဦးလဲ မင်းပါပဲ။
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment