Friday, January 15, 2010

လမ်းခွဲမယ်

မင်းအမြဲပြောတယ် ငါပျော်ရင်နင်ကျေနပ်တယ်လို့
ငါဝမ်းနည်းနေတာကို မင်းမကြည့်ရက်ခဲ့ဘူး မင်းခံစားရလို့တဲ့
ငါကတော့ ကြောင်ကလေးတကောင်ပမာ မင်းရဲ့ရင်ခွင်ထဲမှာ မင်းရဲ့ကျင်နာယုယမှုတွေကို ခံစားရင်း ငါကြည်နူးခဲ့တယ်
ငါရဲ့ကြည်နူးနေတဲ့ခံစားချက်က မင်းနဲ့တခြားတယောက်ကြည်နူးနေတာကို တွေ့တဲ့အထိ ငါ့ကြည်နူးမှုတွေ ရှင်သန်ခဲ့တယ်…..
ငါမမြင်ချင်ဆုံး ငါမကြားချင်ဆုံး ငါလက်မခံချင်ဆုံး အရာတွေကို ငါမြင်နေရတယ် ကြားနေရတယ်….
ငါရဲ့မျက်ရည်စက် ကြမ်းပြင်ပေါ်ကို ကျတဲ့အချိန်မှာ ငါ့ရဲ့စိတ်ကို စုပ်ကိုင်ထားသလို နာကျင်နေတယ်….
ငါ့ကို ပျော်ရွှင်နေတာပဲမြင်ချင်တဲ့ မင်းကပဲ ငါ့ကို နာကျင်ခံစားရအောင်လုပ်တယ်..
မင်းငါ့ကို သတိထားမိသွားတယ်… ငါ့ဆီကို မင်းပြေးလာခဲ့တယ်
သူကမင်းရဲ့ရည်းစားလားလို့ ငါမေးတော့ …..
မင်းက သူငယ်ချင်းလို့ပြောတယ်….
သူ့ကြောင့် မင်းငါ့အပေါ် လစ်လျူရှုနေတာပါလား ဆိုတာကို ငါနားလည်သွားပြီ
ငါ့ရဲ့လက်ကို ကိုင်ထားတဲ့ မင်းရဲ့လက်ကို ငါဖြုတ်လိုက်တယ်…..
မျက်ရည်စက်တွေမကျလာအောင်ထိန်းရင်း အသဲနှလုံးကဒဏ်ရာကိုဖုံးကွယ်ရင်း
ငါတို့ လမ်းခွဲကြရအောင် လို့ ငါပြောလိုက်တယ်…………
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလ

No comments:

Post a Comment