Friday, January 8, 2010

ရိုးသွားတဲ့အချစ်လား။ ရင်းနှီးသွားတဲ့အချစ်လား။

သူငယ်ချင်းတစ်ယောက်ပြောတယ်။ သူအခုရည်စားအပေါ် ခံစားချက်မရှိတော့ဘူးတဲ့။ ဒါပေမဲ့ သူ့ရည်းစားနဲ့ တွဲနေရတာဟာ သူအကျင့်တစ်ခုလိုဖြစ်နေပြီတဲ့။ တစ်ခုမေးချင်ပါတယ် ဒါဟာအချစ်လားဆိုတာကို……….
ကျွန်မမသိပါဘူး။ အချစ်ဆိုတာခံစားချက်လို့ ကျွန်မပြောရဲပေမဲ့…… သူက အကျင့်တစ်ခုဖြစ်သွားမှာလား….
ချစ်လို့ပဲ ကိုယ့်ချစ်သူအပေါ်မှာ တဖြည်းဖြည်းနားလည်လာတာပါ။ နားလည်မှုဆိုတာကို ရယူနေကြတာမဟုတ်လား။ ခံစားချက်တွေ ရင်ခုန်မှုတွေမရှိတော့ဘူး ဆိုပြီး အသစ်တွေကိုပဲ သင်ရှာဖွေနေမှာလား။ ဒါဆိုရင် ဘာတွေဖြစ်ကုန်မလဲနော်။ အားလုံးဟာ ဖောက်ပြန်တာတွေနဲ့ ဖြစ်ကုန်မှာပေါ့။
ဒီမှာ ပြောချင်ပါတယ်။ ဖောက်ပြန်နေတဲ့ သူ့ရဲ့ယောက်ျားကတခြားအမျိုးသမီးတစ်ယောက်ကို လက်တွဲထားတာကို သူ့ရဲ့မိန်းမ က တွေ့သွာ်းတယ်။ ဒီလိုအခြေအနေကိုတွေ့တော့ ရန်သွားရှာတာကို သူ့ရဲ့ ယောက်ျားက “မိန်းမ ဒီတွဲထားတဲ့ လက်က ငါတို့ လက်မထက်ခင်က မင်းရဲ့လက်လိုပဲ” ဒါကိုကြားတော့ သူ့မိန်းမပိုစိတ်ဆိုးသွားတယ် “ဘာကွာတုန်း” ဒါနဲ့ အဲဒီအမျိုးသားကဖြေလိုက်ပုံက “လက်မထက်ခင်က အချစ်ရဲ့ခံစားချက်တွေရှိတယ်၊ ရင်ခုန်တယ်။ အခုကတော့ ညာဘက်လက်က ဘယ်ဘက်လက်ကိုကိုင်ရသလိုပဲ ခံစားချက်မရှိတော့ဘူး”
ခံစားချက်မရှိဘူးဆိုပေမဲ့ အရင်းနှီးဆုံးပဲလေ။ ညာဘက်လက်လုပ်လို့ အကူအညီလိုရင် ဘယ်ဘက်လက်က ကူညီတယ်။ ပြောနေစရာတောင်မလိုတော့ဘူး။ ညာဘက်မလိုရင် ညာဘက်ကိုဖြတ်လိုက်လို့ရလား။ ဒီလောက်လွယ်လားကွယ်။
သင်သာဆိုရင် ရင်ခုန်မှုအတွက် နဲ့ ဆက်လျှောက်နေမှာလား။ ဘယ်လိုရွေးချယ်မလဲ။
အများစုကတော့ ရင်ခုန်တဲ့ ဘက်ကိုရွေးကြမှာပါ။ လူ့သဘောသဘာဝပါပဲ။ အသစ်အဆန်းတွေကို လိုလားကြတယ်။ ဒီ ရင်ခုန်မှုဆိုတာ အတိုင်းအတာအလိုက် ပျောက်ကွယ်မှာပါ။ ဒါကို သင်ကောင်းအောင် ဘယ်လိုဆက်လျှောက်မှာလဲ။ သင်ရဲ့ လှပတဲ့ ဘ၀ကိုသင်ဘယ်လိုတည်ထောင်မှာလဲ ဆိုတဲ့ သင့်ရဲ့အတွေးပေါ်မူတည်တယ်။ ဥပမာ သင့်အရင်းနှီးဆုံးလူတစ်ယောက်သင့်အနားကထွက်သွားတဲ့အချိန် သင်ဘယ်လိုခံစားရမလဲ ၀မ်းနည်းပူဆွေးမှာပေါ့နော်။ ကျွန်မပြောချင်တာလဲဒီသဘောပါပဲ။
ဒီ မမြင်နိုင်တဲ့ ခံစားချက်လောကကြီးမှာ ဘယ်သူမှဘယ်သူအပေါ်တောင်းပန်စရာမလိုပါဘူး။ တန်ဖိုးမထားတတ်တာပဲ ရှိတာပါ။ နောင်တနဲ့ ဘ၀ကို မလျှောက်စေချင်ပါဘူး။ သင့်နံဘေးကချစ်သူ(ဇနီး)အပေါ် သင်ခံစားများပျောက်ကုန်တာဟာ ရင်းနှီးလွန်းသွားလို့ပါ။ မကောင်းတာတွေ ကောင်းတာတွေ ဘယ်လိုအကျင့်ရှိတာတွေကို သင်အားလုံးသိသွားတော့ မသိမရင်းနှီးတုန်းကလို သိချင်စိတ် ရင်ခုန်စိတ်တွေဘယ်ရှိတော့မလဲ။
ကယ်သေချာပြန်စဉ်းစားကြည့်ပါ သင်သာဆိုရင် …………..။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment