Friday, January 15, 2010

ဖုန်းမလာတော့ဘူး

မနက်တိုင်း ၆နာရီဆိုရင် နိုးစက်မမီဘူး ဖုန်းလာတယ်…..
ကျွန်တော်ဖုန်းကိုင်တော့ “မထသေးဘူးလား ကျောင်းနောက်ကျမယ်”
ကျွန်တော်ဆီဖုန်းဆက်တဲ့ကောင်မလေးကကျွန်တော့်ချစ်သူပါ…
သူနဲ့ ရည်းစားဖြစ်တာ ၇လလောက်တော့ရှိတော့မယ်။
သူ့နံမည်က ဖြူတဲ့။
ဖြူ ကျွန်တော့်ကို အမြဲတမ်းအိပ်ယာနိုးရတယ်။ ကျွန်တော် ဒါကို ကြည်နူးမိပါတယ်။
ကျွန်တော်အမြဲတမ်း နာရီဝက်လောက်ထက်အိပ်မယ်ဆိုပြီး ပြောလေ့ရှိတယ်။
သူက စိတ်ဆိုးတက်တယ်….
ကျွန်တော် တခါတလေမှာ သူ့ကိုအရေးမလုပ်ချင်ဘူး သူ့ရဲ့စိတ်ကို အလိုမကျဖြစ်တတ်တယ်။
ဒါပေမဲ့ စဉ်းစားကြည့်တော့လဲ ဖြူသာမခေါ်ရင် ကျောင်းနောက်ကျနေမှာ…. ကျောင်းတောင် ထွက်ရမလားမသိဘူး…..
ဒါနဲ့ အဲဒီညနေမှာ ကျွန်တော် ဖြူဆီဖုန်းဆက်တယ်…
ဖြူ စိတ်ဆိုးနေတယ်….
သူ ကျွန်တော်ကို မနိုးတော့ဘူးလို့ပဲပြောတယ်။ ဒီလိုနဲ့ ပြောရင်းပြောရင်း သူက မနက်ဖန်ကျောင်းမသွားဘူး မိဘတွေနဲ့အတူ ခရီးထွက်စရာရှိလို့ ခွင့်တိုင်ပေးဖို့ပြောတယ်….
ဒီလိုနဲ့ ကျွန်တော် ဖြူကို တကယ်မနိုးတော့ဘူးလားလို့ မေးတယ်။
သူက ကျွန်တော့်ကို တခါပဲ နိုးမယ်လို့ပြောတယ်…..
သူ့ကို ဂရုစိုက်ဖို့ပြောရင်း ကျွန်တော်တို့ ဖုန်းချလိုက်ကြတယ်။
ဖုန်းမြည်လာတယ်……………………..
နာရီကြည့်တော့ ၃နာရီ…
ဘာအသံမှမကြားရဘူး…….
ကျွန်တော်ဆက်အိပ်တယ်…
၆နာရီ
ဖုန်းထပ်မြည်တယ်….
ဖြူ “ထတော့၊ ကျောင်းနောက်ကျနေမယ်၊ ၆နာရီရှိပြီ…”
ဖြူအားမရှိတဲ့အသံကို ကျွန်တော် မမေးခဲ့ပဲ ပင်ပန်းတယ်လို့ပဲ ကျွန်တော် ထင်ခဲ့တယ်…..
ဖြူက “မအိပ်တော့နဲ့နော်…… ငါမခေါ်တော့ဘူး….. ဂရုစိုက်သွား”
ကျွန်တော် မနက်ဖြန်လဲ နိုးဖို့ပြောတော့
ဖြူက ဖြစ်နိုင်မယ်ဆိုရင် လို့ဖြေတယ်….. ကျွန်တော် သတိမထားမိဘူး။
ကျွန်တော်ဖုန်းချတော့မဲ့အချိန်မှာ ဖြူက sorry လို့ပြောတယ်…
ကျွန်တော်နောက်ကျတော့မှာဖြစ်လို့ ကျွန်တော် လုပ်စရာရှိတာကို လုပ်ခဲ့တယ်….
ကျောင်းရောက်တော့ ခွင့်သွားတိုင်တော့
ဆရာမက ခွင့်တိုင်ဖို့မလိုတော့ဘူးလို့ပြောတယ်…
ဘာလို့လဲ
ကျွန်တော်တမျိုးဖြစ်သွားတယ်…..
ဆရာမက ညကခရီးသွားနေတုန်း ကုန်ကားနဲ့ တိုက်မိလို့ ဖြူမရှိတော့ဘူးလို့ပြောတယ်….
ကျွန်တော် ဘယ်လိုလက်ခံရမလဲ ဒီမနက်ကပဲ ဖုန်းဆက်ပြီး ကျွန်တော့်ကို နိုးသေးတယ်…
ဒီလိုနဲ့ ဆေးရုံရောက်တော့ ဖြူကိုတွေ့တယ်…
ကျွန်တော် ဖြူနံဘေးနားသွားပြီး ကျောင်းသွားဖို့ နိုးတယ်…
ဖြူဖုန်းလေးကိုကိုင်ထားတုန်းပဲ ….
ကျွန်တော် ယူကျုံးမရဖြစ်ခဲ့ရတယ်…..
အဲဒီညမှာ ကျွန်တော် ငိုဖို့အားတောင်မရှိတော့ပါဘူး…..
နောက်ရက်မှာ ကျွန်တော့်ကို နိုးစက်နိုးခဲ့တယ်….
ဖြူ ဘာလို့ မနိုးတာလဲလို့ စဉ်းစားမိတယ်….
ကျွန်တော် မျက်ရည်ကျခဲ့ပါတယ်…. ဖြူမရှိတော့ဘူး….

မင်းကို တကယ်ချစ်တဲ့သူက ချစ်တယ်လို့ တဖွဖွပြောနေမှာမဟုတ်ပါဘူး
မင်းအတွက်ရည်ရွယ်ပြီး ပေးဆပ်နေတာပါ။
မင်းဘေးနားမှာ ဒီလိုတယောက်ရောက်နေရင် လက်မလွတ်စေနဲ့….
အချစ်ဆိုတဲ့အရာကတော့ သေတာရှင်တာနဲ့ မဆိုင်ပါဘူး….ပြောချင်တာက …
ငါမင်းအရှေ့မှာရပ်နေခဲ့တယ် ငါရှိနေခဲ့တယ်…
ဒါပေမဲ့ မင်းမသိဘူး…
မင်းကို လွမ်းတယ် သတိရတယ်ဆိုတာကို ဖုန်းကွယ်ပြီး ဟန်ဆောင်နေရတာက ရင်မောတယ်……..
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment