Friday, January 8, 2010

ဝမ်းနည်းစရာအချစ်ဇာတ်လမ်း

သမီးရည်စားအတွဲတစ်တွဲမှာ ကောင်မလေးက ကောင်လေးကို ဘယ်အရာရာမဆို ကောင်မလေးချည်းပဲ ဦးဆောင်နေသလိုဖြစ်နေခဲ့တယ်။ ဒါကိုကောင်မလေးသိပ်သဘောမကျဖြစ်နေတာ….
တစ်ရက်… နှစ်ယောက်ပင်လယ်ပြင်ကို အပျော်စီးသင်္ဘောနှင့် အလည်သွားချိန်မှာ သင်္ဘောမှောက်သွားတယ်။ ကံကောင်းထောက်မစွာနှင့် ပျဉ်ပြားတစ်ချပ် သူတို့ ရေပေါ်မှာမျောနေကြတယ်။
“နင်ကြောက်နေလား” ကောင်မလေးမေးတော့ “ ဓါးသေးသေးလေးကို ထုတ်လာပြီး “ကြောက်ပါဘူး၊ ငါးမန်းတွေလာရင်ငါဒီဓါးနဲ့ ထိုးလိုက်မယ်” လို့ပြောတော့ ကောင်မလေးက ခေါင်းလေးခါပြီး ရီတယ်……..
သိပ်မကြာခင်မှာပဲ သင်္ဘောတစ်စင်းလည်း သူတို့ မျောလာနေတာကို တွေ့တယ်…ပြီးတော့ တစ်ဖက်မှာ ငါးမန်းတွေလည်းလာနေတယ်….
ကောင်မလေးက “ငါတို့ အစွမ်းကုန်ကူးခက်ကြရအောင်”
အဲဒီအချိန်မှာ ကောင်လေးဟာ ကောင်မလေးကို ပျဉ်ပြားပေါ်ကတွန်းချလိုက်ပြီး တစ်ယောက်တည်း ကူးသွားတယ်…. “ဒီတစ်ခါငါအရင်ကူးမယ်ဆိုပြီး” ထွက်သွားတယ်…. ကောင်မလေးမှာ ပြောမတတ်လောက်အောင် အ ပြီးကျန်ခဲ့တယ်…..
ကောင်လေးဟာ ငါးမန်းတွေဝန်းရံနေတဲ့ကြားမှာ ကူးခက်ရင်း “ငါနင့်ကို အရမ်းချစ်တယ်” လို့ဆိုကာပင်လယ်ထဲ မှာပျောက်ကွယ်သွားတယ်…..
သင်္ဘောသားတွေ က ထိုအချိန်မှာ ကောင်မလေးကို ကယ်တင်လိုက်တယ်….
သင်္ဘောcaptain က “ကောင်မလေး၊ သူဟာ ငါတွေ့ ဖူးတဲ့လူတွေထဲမှာ အရဲရင့်ဆုံးပဲ သူ့အတွက်ဆုတောင်းပေးကြရအောင်”
“မဟုတ်ဘူး၊ သူကငကြောက်” လို့ ကောင်မလေးကဆိုတော့ သင်္ဘောcaptain က “ဟာ ဘာလို့လဲ၊ နင်တို့ကို ကယ်မလို့ အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်နေတာ၊ ထင်ထင်ရှားရှားပဲ နင့်ကိုတွန်းထုတ်လိုက်ပြီး သူ့လက်ကိုသူ ဓါးနဲ့ ဒဏ်ရာရအောင်လုပ်လိုက်တယ်…. ငါးမန်းဆိုတာ သွေးညှိနှံ့ကို ချက်ခြင်းသိတာ…
နင်ကိုကယ်ဖို့အချိန်ရအောင်ပါ….
သူသာဒီလိုမလုပ်ရင် နင်လည်း ဒီသင်္ဘောပေါ်မှာရောက်လာမှာမဟုတ်ဘူး……….”
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment