အရမ်းကို တင်းတိမ်ရောင့်ရဲမှုရှိတဲ့လူတစ်ယောက်က ဘယ်တော့မှ တခြားလူတွေနဲ့ အချေအတင်ဖြစ်အောင် ဘယ်တော့မှ မနေထိုင်ဘူး… ဒီလိုနဲ့ အမြဲအနိုင်ကျင့်ခံနေရတယ်…… သူဆီက မကျေနပ်ဘူးဆိုတာကို တစ်ခါမှမကြားရဘူးပေါ့……….
သူဟာ အရေးမပါတဲ့ မြက်ပင်လေးလိုပဲ ရှင်သန်နေရတယ်…. တစ်ရက်မှာ သူသေဆုံးတယ်….
နတ်ပြည်ကိုရောက်တော့ နတ်ပြည်ဝင်ဖို့ တန်းစီရတယ်… အားလုံးကတော့အရင်ဝင်ချင်နေကြတယ်..
ဒါပေမဲ့ အဲဒီလူက ငါသူတို့နဲ့မလုဘူးဆိုပြီး နေရာကိုဖယ်ပေးတယ်….. သူ့နေရာကိုလာတောင်းတဲ့လူတွေကို လည်းသူဖယ်ပေးတယ်….. သူအဲလိုနဲ့ နတ်ပြည်ဝင်ဖို့ တော်တော်တန်းစီလိုက်ရတယ်…. ဘယ်တော့မဆို နောက်ဆုံးကနေပေါ့…..
နှစ်အတော်ကြာတော့လဲ သူနတ်ပြည်ကိုမ၀င်ရသေးဘူး………
သူစိတ်မရှည်ဖြစ်လာတယ်… တခြားလူကိုလည်းသူမပြောရဲဘူး…. ဒါနဲ့ သူနတ်သားကိုတွေ့တော့ “ကျွန်တော်ဒီမှာတန်းစီတာတော်တော်ကြာနေပါပြီ။ ဘာလို့ နတ်ပြည်ကို မရောက်သေးလဲ ” ဆိုပြီးမေးတယ်……
နတ်သားက သိကြားမင်းကိုပြောပြတော့ သူ့ကို သိကြားမင်းခေါ်တွေ့တယ်….
သိကြားမင်းက“သင် အမြဲတမ်းနောက်ဆုံးမှာတန်းစီနေရတယ်ဟုတ်လား ကဲ အခုငရဲပြည်ကိုဆင်းတော့”
“ နတ်ပြည်ဆိုတာ စိတ်ကောင်းရှိတဲ့သူတွေအတွက်မဟုတ်လား”လို့မေးပြန်တယ်…
သိကြားမင်းက “ဟုတ်တယ် ဒါပေမဲ့ ဒီအခွင့်အရေးတွေက လိုချင်နှစ်သက်မြတ်နိုးတဲ့သူတွေအတွက်ပါ အ၀င်ဝတောင်ရောက်နေပြီ ကြိုးစားမယ်မစဉ်းစားပဲ ဒါကြောင့် ငရဲပြည်သာ သင်နဲ့ အထိုက်တန်ဆုံးပဲ”
သူဘာမှပြန်မပြောနိုင်တော့ပဲ နားလည်သွားတယ်
အရာရာတိုင်းဟာ စောင့်စားတိုင်းရတာမဟုတ်ပါဘူး ကိုယ်တိုင်ဖန်တီးရယူရတာပါ….
ဒါကြောင့် စာဖတ်သူလည်း သင်ဘယ်လိုအလုပ်လုပ်နေပါစေ၊ ဘ၀ကို ဘယ်နေရာကနေ ဇာတ်ဆောင်နေရပါစေ အားလုံးကို အလေးထားသင့်ပါတယ်….
ကိုယ့်တာဝန်တွေကိုမလစ်ဟင်းပါနဲ့ အခွင့်အရေးကို ဖန်တီးရယူကြပါ……
အောင်မြင်တဲ့ပန်းတိုင်များဆီသို့ အပြုံးများနဲ့ လျှောက်လှမ်းရင်း……………
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)
No comments:
Post a Comment