Friday, January 8, 2010

မင်းအတွက်နဲ့ ငါရူးတော့မယ်….

ငါမတောင်းဆိုဘူး….ဒါပေမဲ့ ငါမတပ်မက်တာမဟုတ်ဘူး…
ငါလိုချင်တာ တစ်ခုတည်းပါ….. ပြီးပြည့်စုံရမယ်လို့မဟုတ်ဘူး…. မင်းပေးတဲ့ ပျော်ရွှင်မှုကိုလိုချင်တာပါ…
ငါယုံကြည်နေတယ်…. နားလည်မှုနဲ့ဆိုရင် ဒီအချစ်ဟာ ခရီးဆုံးတဲ့ထိတိုင်အောင်လက်တွဲမဖြုတ်စတမ်း သွားနိုင်မယ်လို့……
တစ်ဖက်သက် သည်းခံပေးနေတာ အမာရွတ်ကျန်တဲ့ ဒဏ်ရာလိုဖြစ်နေတယ်….
သူငယ်ချင်းတွေပြောတဲ့ အချစ်တစ်ခုတည်းနဲ့ ဘ၀ကို တည်ထောင်လို့မရဘူးတဲ့
ငါနားလည်လာသလိုပဲ
ငါ့အတွက် မင်းလေး နည်းနည်းလောက်တောင်မစဉ်းစားပေးနိုင်ဘူးလား….
မင်းအတွက် ငါပေးဆပ်ထားတာတွေ ….. လွယ်တယ်ထင်လား
ငါဘယ်လောက်ထိခံစားနေရတယ်…..
ငါဘယ်လောက်ထိနာကျင်နေတယ်ဆိုတာ မင်းသိရဲ့လား…..
ငါမင်းကို လက်မလွတ်နိုင်သေးလို့ပါ…..
ငါမင်းအပေါ် ဒီလောက်ချစ်နေတယ်ဆိုတာ မင်းရဲ့အခြေအနေတွေ၊ မင်းရဲ့ရုပ်ရည်တွေ၊ မင်းရဲ့ဂုဏ်တွေ ကြောင့်မဟုတ်ပါဘူး….
မင်းဟာ မင်းဖြစ်နေတဲ့အတွက်ပါ…….
ရေးသားသူ-novemberpearl

No comments:

Post a Comment