Friday, January 15, 2010

မိန်းကလေးတွေဖတ်သင့်တဲ့အကြောင်းများ

သင်မချစ်တော့ရင် ပြောလိုက်ပါ…. သူ့တော့စိတ်ထိခိုက်မှာပဲဆိုတဲ့အတွေးနဲ့တွေးမနေနဲ့။ ယောင်္ကျားလေးတယောက်ရဲ့မာနက နာကျင်တာထက်ပိုအရေးကြီးလို့ပါ။
ကောင်လေးတစ်ယောက်ကို သင်ချစ်မိပြီဆိုရင် သင့်အတ္တတွေကိုဘေးဖယ်ပါ။ ချစ်တယ်ဆိုတာကိုပြောပါ။

ယောင်္ကျားလေးတွေကလဲ ဖွဲ့နွဲ့တဲ့စကားလုံးတွေ ကြားချင်ပါတယ်… သင့်ရဲ့ ဖွင့်ပြောမှုတွေကြောင့်သူယုံကြည်ချက်တွေ တိုးပွားလာပါလိမ့်မယ်။
ယောင်္ကျားလေးတွေလဲ ဘာမဆိုခံနိုင်ရည်ရှတယ်လို့မထင်ပါနဲ့ ဘယ်တော့မှ မကြီးတဲ့ ကလေးလေးတယောက်လိုပါပဲ…. သူလုပ်ချင်တာတွေကို လုပ်နေရင် သူ့ကိုမအော်ပါနဲ့… သူနဲ့အတူလိုက်ရူးလိုက်ပါ… သူစိတ်ငြိမ်သွားရင် သူ့ကိုချစ်ကြောင်းထပ်ပြောပါ….
ယောင်္ကျားလေးတွေက ပျင်းတယ် တုံးအကြတယ်…. သင့်ကို ချစ်ရင်တောင်… အားလုံးကို မဖော်ပြဘူး… ဒါကြောင့် သင်လုပ်နိုင်တာ တခုရှိတယ်… သင့်တော်တဲ့အချိန်မှာ အချက်လေးပြပါ…

ယောင်္ကျားလေးတွေကလဲ စိတ်ရှုပ်တတ်တယ် တခါတလေ အကြောင်းပြချက်မရှိ ဒေါသထွက်တတ်တယ်… ဒီလိုအချိန်ဆိုရင် သင်ဘာမှမမေးပဲ…. သူ့နံဘေးမှာဘာမှမပြောပဲ အဖော်လုပ်ပေးလိုက်ပါ….
သင်တို့ ချစ်ကျွမ်းဝင်ပြီဆိုရင် သူ့ကို အကြွင်းမဲ့ယုံပါ… ဘာမဆို သူ့ကိုပြောပြပါ…. သူသင့်ကို အားပေးပေး မပေးပေးပေါ့…. ဘယ်ယောင်္ကျားလေးမဆို သူတို့ကို အားကိုးတယ်ဆိုတာဖြစ်ချင်မှာပါ…

သူဂိမ်းကစားနေတဲ့အချိန် ဘယ်လောက်ပဲအရေးကြီးနေပါစေ… သူ့ကွန်ပျူတာကို ချက်ချင်းသွားမပိတ်တာတို့ မီးပိတ်လိုက်တာတို့ မလုပ်ပါနဲ့….. သူ့နားနားကပ်ပြီး တိုးတိုးလေးပြောပါ ဘယ်လောက်ပဲ အရေးကြီးနေပါစေနော်…. ဘာလို့လဲဆို သူဂိမ်းထဲမှာနစ်မြှပ်နေတာက သင်ကိုးရီးယားဇာတ်ကားကြည့်တာထက် ပိုပြီးအာရုံစိုက်နေလို့ပါ…..
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment