၂၅နှစ်မှာ သူ့ခင်ပွန်းကိုမေးတယ် ဘာဆုံးရှုံးဖူးလဲ။ ခင်ပွန်းက ငါအခွင့်အရေးကောင်းတဲ့အလုပ်ကို လက်လွတ်ဆုံးရှုံးသွားတယ်။
၃၅နှစ်မှာ သူ့ခင်ပွန်းကိုမေးတယ် ဘာဆုံးရှုံးဖူးလဲ။ ခင်ပွန်းက စိတ်ဆိုးစွာနဲ့ပြန်ဖြေတယ် ငါနောက်ဆုံးကားကိုစီးဖို့ငါမမီခဲ့ဘူး။
၄၅နှစ်မှာ သူ့ခင်ပွန်း ၀မ်းနည်းစွာပြောတယ် ငါ့ရဲ့အရင်းနှီးဆုံးသူတွေရဲ့နောက်ဆုံးအချိန်ကို ငါမမီဘူး။
၅၅နှစ်မှာ သူ့ခင်ပွန်းကစိတ်ဓါတ်ကျစွာပြောတယ် အလုပ်နားဖို့အခွင့်အရေးကောင်းတွေကို ငါလက်လွတ်ပြန်ပြီ။
၆၅နှစ်မှာ သူ့ခင်ပွန်းက ငါသွားဆရာဝန်ကိုပြဖို့ငါ မေ့နေခဲ့တယ်…..
ဒီလိုနဲ့ သူမယားက ပြန်ပြောသမျှတွေကို ပြုံးပြုံးလေးနဲ့ကြည့်နေခဲ့တယ်….. အပြုံးတွေကြားမှာ သူမရဲ့ စိတ်ဓါတ်ကျတာတွေကို ဖုံးလွမ်းထားခဲ့တယ်……
၇၅နှစ်မှာ သူ့ခင်ပွန်းကိုသူမ မမေးတော့ဘူး…… သူမဖျားနာနေတဲ့ကုတင်နားမှာထိုင်နေတဲ့အဖိုးကြီးက သူ့မိန်းမနဲ့ ပတ်သက်တာတွေကို ပြန်တွေးမိတယ်….. ဒီအချိန်မှာတော့ ခင်ပွန်းကမေးတယ်…. သူ့မိန်းမက အပြုံးနဲ့ မေးခွန်းကိုပြန်ဖြေတယ်… ငါဒီတသက် ငါနင့်ကိုရွေးခဲ့တာကို ငါနောင်တမရပါဘူး…..
ခင်ပွန်းအဖိုးအို ငိုတယ်….. တသက်လုံး သူ အလုပ်တွေနဲ့ရှုပ်နေခဲ့တယ်… သိပ်ချစ်ပါတယ်ဆိုတဲ့ ဇနီးကို သူဂရုမစိုက်နိုင်ဘူး အဖော်မပြုနိုင်ဘူး……..
အဘွားအိုကို သူပွေ့ဖက်ပြီးပြောတယ် ငါဒီတသက်မှာ နှစ်၅၀ အတူတူနေတဲ့အချိန်တွေ ငါတို့ရဲ့သံယောဇဉ်တွေကို ငါဆုံးရှုံးတယ်…
စည်ကားရုန်းကန်လှတဲ့ မြို့ပြထဲမှာ ကိုယ့်အလုပ်နဲ့ လုံးပန်းနေရတဲ့ သူတွေအများကြီးရှိတယ်…. အားလုံးဟာ အလုပ်က အရေးကြီးတယ်ဆိုပြီး အလုပ်ကိုပထမနေရာမှာထားတာဟာ မသိလိုက်ချိန်အတွင်းမှာ ထုံးစံလိုဖြစ်သွားတယ်…..
နေထိုင်မှုအဆင့်အတန်းတွေအတွက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ စွမ်းအားတွေကို အသုံးချပစ်တယ်….. ကိုယ့်ကျန်းမာရေးအတွက် အချိန်မပေးဘူး…. ကိုယ်နဲ့ရင်းနှီးတဲ့ ကိုယ့်ရင်သွေး မိဘတွေကို အချိန်မပေးနိုင်ဘူး… ဒါ့အပြင် ဘေးနားမှာရှိတဲ့ ချစ်သူ၊ ဇနီး၊ သူငယ်ချင်း၊ မိတ်ဆွေ တွေကို လစ်လျူရှုမိတယ်…
မြတ်နိုးပါ….. နောင်တမရစေချင်ဘူး…..
နောက်နှစ်ရဲ့ ဒီနေ့မှာ ကိုယ်ဘာဖြစ်မယ်ဆိုတာမသိနိုင်ပါဘူး…
နေ့မြင်ညပျောက် ဆိုသလို သင်လက်ရှိအခြေအနေကို သင်မြတ်နိုးပါ… သင်ရင်ထဲမှာ တကယ်အရေးကြီးနေတာကို ပြောပြလိုက်ပါ… အချိန်ပေးပါ… ဂရုစိုက်ပါ..
နေ့တိုင်းကို ဘ၀ရဲ့နောက်ဆုံးရက်လို့သတ်မှတ်ပြီး ရှင်သန်ပါ…
ဒါမှ သင်နောင်တမရမှာ….
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ
Friday, January 15, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment