Friday, January 8, 2010

ပန်းတစ်ပွင့်(သို့)ကောင်လေးတွေကြည့်ရင်သဘောပေါက်မယ် ကောင်မလေးတွေကြည့်ရင်ခံစားရမယ်

တရက်…..ကောင်မလေးကကောင်လေးကို “ငါတို့လမ်းခွဲကြရအောင်” လို့ပြောတယ်……..ကောင်လေးက “ဘာကြောင့်လဲ” လို့မေးတော့ “ငြီးငွေ့လာပြီလေ… အကြောင်းပြချက်လိုလား…. အကြောင်းပြချက်မရှိပဲတွေ့ဆုံခဲ့သလိုပေါ့…….” ကောင်လေးမှာ ဘာစကားမှမပြောနိုင်တော့ ကောင်မလေးက“ငါ့ကိုလမ်းမခွဲပါနဲ့လို့တောင်တခွန်းမှမပြောဘူး…သူငါကိုတစ်ကယ်ချစ်တာကောဟုတ်ရဲ့လား” ……….ရုတ်တရက် ကောင်လေးက “ငါဘာလုပ်ရင် နင်ငါအနားကမထွက်ခွါဘူးလဲ” ……. “မေးခွန်းတစ်ခုဖြေ၊ ငါ့စိတ်ထဲကအဖြေနဲ့ တူနေရင် ငါနင့်အနားကနေမထွက်ခွါဘူး”………. “တောင်စောင်းတစ်ခုက ပန်းတစ်ပွင့်ကို ငါ့အတွက် ခူးပေးရမယ်… ဒါပေမဲ့ ခူးနိုင်တဲ့သူ မရှိတဲ့နေရာမှာ ပန်းလေးက ပွင့်နေတာ.. ဒါဆို နင်ငါ့ကို ခူးပေးမှာလား ……”ကောင်လေးက “မနက်ဖန်မနက် ငါဒီအဖြေပေးမယ်ရလား”…….ကောင်မလေးကကောင်လေးချက်ချင်းမဖြေနိုင်လို့စိတ်ပျက်လက်ပျက်နဲ့ပေါ့
နောက်တစ်ရက်မနက်ကျတော့………..
ကောင်လေးကျောင်းလာမတတ်ဘူး…..ကောင်မလေးစားပွဲခုံပေါ်မှာ ပန်းသီးလေးတစ်လုံးနဲ့ စာတစ်စောင် ကိုပဲ တွေ့ရတယ်….စာကိုယူဖတ်လိုက်တော့….
“ အချစ်လေး၊ ငါအဲဒီပန်းကို သွားမခူးပေးနိုင်ဘူး၊ ဒါပေမဲ့မသွားခူးဘူး ဆိုတဲ့ အကြောင်းပြချက်လေးကိုတော့ နားလည်ပေးပါ….. လေးလံတဲ့အရာတွေကို ကိုသယ်ပေးဖို့ ဒီလက်ကို မင်းအတွက် ချန်ထားရမယ်….မင်း ကို ကိုခေါ်ရင်ချက်ချင်းလာနိုင်အောင်လို့ ဒီခြေထောက်နဲ့ ပြေးလာရမယ်….. မင်းမျက်စိလယ်လမ်းမှား ချိန်မှာ မင်းကို လမ်းပြပေးဖို့ ဒီမျက်လုံးတစ်စုံကို ထားထားရမယ်…. ပူလွန်းတဲ့နေ့တွေမှာ အပြင်ထွက်တာကို မကြိုက်တဲ့ မင်းလေးပျင်းနေမှာဆိုလို့ စကားပြောဖို့ ဒီပါးစပ်လေးကို ချန်ထားရမယ်……….မင်းရဲ့မျက်လုံးလေးတွေဟာ ကွန်ပျူတာကြောင့်အရမ်းကောင်းမှာမဟုတ်သလို အိုတဲ့အချိန်မှာ မင်းကိုဆံပင်ဖြူတွေနှုတ်ပေးရမယ်…. သာယာလှတဲ့ ကမ်းခြေဆီကို သွားဖို့ မင်းရဲ့လက်ကလေးကို တို့ ဆွဲခေါ်ရအုန်းမယ်….. ဒါကြောင့် ကို့ ထက် မင်းကို ချစ်နိုင်မယ့်သူ မပေါ်လာခင်ထိ အဲဒီပန်းကို သွားမခူးပေးနိုင်ဘူး…….”
ကောင်မလေးမှာ မျက်ရည်များ မျက်လုံးထဲမှာ ပြည့်လာတော့တယ်…. မျက်ရည်များကိုသုတ်လိုက်ပြီး စာကို ဆက်ဖတ်တော့….. “ အချစ်လေး မင်းဖတ်လို့ပြီးရင်၊ အဖြေကိုလည်း ကျေနပ်မယ်ဆိုရင် ကိုစောင့်နေကြနေရာ မှာ စောင့်နေတယ်… ပြီးတော့ မင်းသိပ်ကြိုက်တဲ့ နို့ပေါင်မုန့်လဲ ၀ယ်ထားတယ်…….”
ဒါနဲ့ ကောင်လေးစောင့်နေတဲ့နေရာကို ကောင်မလေးအပြေးအလွှား ရောက်တော့ ကလေးလေးတစ်ယောက်လို ပေါင်မုန့်အိတ်ကလေးကို ကိုင်ပြီးစောင့်နေတယ်…..
ကျွန်မထင်တာကတော့ ချစ်ခြင်းမေတ္တာနဲ့ ၀န်းရံနေချိန်မှာ ဒီလို သာမန်ရိုးရိုးချစ်နေရတဲ့ အချစ်လေးတွေကို လူတွေက လျစ်လျူရှူနေမိကြတယ်….
ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုပုံစံမျိုးပါ ဆိုပြီး မရှိပါဘူး……..
ချစ်ခြင်းမေတ္တာသာလျှင် ဘ၀ကိုဆန်းကြယ်စေတာပါ…….
ပန်းပွင့်၊ လက်ဆောင် တွေဆိုတာ အပေါ်ယံလေးတွေပါ………
အဲဒီပန်းပွင့်ကိုပေးတဲ့ ရည်ရွယ်ချက်သာလျှင် အဓိကပါ……..
ချစ်ခြင်းမေတ္တာဆိုတာ ရိုးရိုးရှင်းရှင်းလေးက အကောင်းဆုံးပါ……….
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

No comments:

Post a Comment