Friday, January 15, 2010

အခြေအနေမတူဘူး

ခြံထဲမှာ ၀က်၊ သိုး၊ နွား ၃ကောင်ရှိတယ်။ တရက်မှာ ခြံပိုင်က ၀က်ကို လာဖမ်းတယ်….
ဝက်က ကျယ်လောင်စွာအော်ပြီး ရုန်းကန်တယ်။ အဲဒီအချိန်မှာပဲ နွားက “ငါ့ကိုလဲအမြဲလာဖမ်းတာပဲ ငါပြန်တောင်မအော်ဘူး” လို့ဝက်ကိုပြောတယ်။
သိုးကလဲထောက်ခံတယ်။
ဝက်က “နင်တို့ကိုဖမ်းတာနဲ့ ငါ့ကိုဖမ်းတာမတူဘူး နင်တို့ကိုဖမ်းတာက နွားနို့ရယ် သိုးမွေးကိုပဲ ယူတာ ငါ့ကိုဖမ်းတာက ငါ့အသက်ကို ယူမှာ”

ဆိုလိုတာကတော့ နေရာချင်းမတူတဲ့အချိန် အခြေအနေတွေမတူတဲ့အချိန်မှာ တဖက်သူရဲ့ခံစားချက်ကို နားလည်ဖို့ ခံစားပေးဖို့ ကိုယ်ချင်းစာဖို့ဆိုတာ ခက်ပါတယ်။
ကိုယ်ကသာ အခက်အခဲတွေ နာကျင်မှုတွေ ပူဆွေးမှုတွေ မျှော်လင့်ချက်မဲ့တာတွေကို သင်ခံစားဖူးမှ သင်နားလည်လိမ့်မယ်။
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment