Friday, January 8, 2010

ဘယ်အချက်ရောက်ရင် သင်နာကျင်ခံစားလာရသလဲ။

၁။ ငှက်ကလေးက ပင်လယ်ကိုမဖြတ်ကူးနိုင်ပါဘူး။ ငှက်ကလေးမှာ ဖြတ်ကူးဖို့အင်အားမရှိဘူးလို့ ထင်ခဲ့တယ်။ မှားနေတယ်။ ပင်လယ်ပြင်ရဲ့အဆုံးတစ်ဘက်ဆိုတာ မရှိလို့ပါ။

၂။ နင်ငါ့ကိုခွဲပြီးတဲ့နောက်ပိုင်းမှာ ငါမငိုဖို့ဆုံးဖြတ်လိုက်ပြီ မျက်ရည်ဝဲနေရင်တော့ ငါမျက်တောင်မခတ်ဘူး။

၃။ နင့်ရဲ့သွေးအေးရက်စက်မှုတွေကိုကျေးဇူးတင်ပါတယ် ငါစိတ်ကုန်တတ်ပါပြီ။

၎။ ပိုးဖလံမျိုးမီးကိုတိုး ဆိုတဲ့အတိုင်း မီးမှန်းသိရက်နဲ့တိုးတော့ သေမှာပေါ့။

၅။ ငါနင့်ကိုချစ်တယ် မျက်စိမှိတ်လိုက်ရင် မေ့နိုင်မယ်ထင်တယ် မျက်ရည်ကျလာမှ သိတယ် ကိုယ်ကိုကို ညာလို့မရပါလား။

၆။ အိမ်အပြန်လမ်းမှာငိုတယ် ငါဘာလုပ်ရမလဲ……….. ငါဘာတွေပြောရမလဲ….. ငါဘာတွေကိုလုပ်ပေးနိုင်သေးလဲ … နင်ကြားပါစေ…… နင့်ကိုချစ်လို့ နင့်ကိုသွားခွင့်ပြုလိုက်ပြီ။

၇။ နင့်ဘ၀ထဲမှာ ငါဟာ ဧည့်သည်သရုပ်ဆောင်တစ်ဦးပါ ငါဘယ်လိုကြိုးစားပါစေ ငါဘယ်လိုနင့်အနားလာနေပါစေ နင်နဲ့ ဝေးရတာပါပဲ။

၈။ လမ်းခွဲပြီးနောက် သူငယ်ချင်းလုပ်လို့မရဘူး ဘာလို့လဲဆို တယောက်ကိုတယောက နာကျင်မှုတွေပေးထားလို့။ ရန်သူလဲလုပ်လို့မရဘူး ဘာလို့လဲဆို အရမ်းချစ်ခဲ့ကြလို့။
ဒါကြောင့် ငါတို့ အရမ်းရင်းနှီးတဲ့ သူစိမ်းတွေဖြစ်သွားကြတယ်။

၉။ နင်နာကျင်တာတွေကို ငါခံစားပေးလို့ရတယ်……နင်ဘာမှမပြောဘူး…. ဘာမှမဖြစ်သလိုနေတယ်…. နင်အဲလိုနေလေ… ငါပိုနာကြင်လေပဲ။

၁၀။ အချစ်ဟာနာကျင်မှုပါပဲ… ရက်စက်တတ်တဲ့သူကတော့ တစ်ဖက်လူကိုနာကြင်စေမယ်.. မရက်စက်တတ်ရင်တော့ ကိုယ့်ကိုကိုပဲနာကျင်စေတယ်။

၁၁။ ငါးလေးက ငါးမျှားချိန်မှာမိတယ်ဆိုတာ တံငါးသည်ကိုချစ်မိလို့ပါ ငါးလေးရဲ့အသက်နဲ့ တံငါးသည်ရဲ့ အပြုံးကို လဲလှယ်လိုက်လို့ပါ။

၁၂။ တစ်ချို့အရာတွေက နောက်ဆုံးမပေါင်းဆည်းကြပါဘူး… တယောက်ယောက်ကိုချစ်ရင် ရယူပိုင်ဆိုင်တာမဟုတ်ပါဘူး။ သင်ပိုင်ဆိုင်နေရင် သူ့ကိုကောင်းကောင်းချစ်မြတ်နိုးပါ။

၁၃။ သင် မချစ်ဘူး မပျော်ဘူး။ ဒါဆို လက်လွတ်လိုက်ပါ။
သင် နှမျောတယ် မလွတ်နိုင်ဘူး။ ဒါဆို သင်နာကျင်လိုက်ပါ။

၁၄။ လူ့ဘ၀ သက်တမ်းတိုတိုလေးမှာ နောင်တဆိုတာမရှိစေပါနဲ့။ ရီချင်ရီ ငိုချင်ငို ချစ်နေပြီဆိုရင်လည်းချစ်လိုက်ပါ ထိန်းချုပ်မထားပါနဲ့။ သင့်မှာ သိပ်ချစ်ရတယ်သူရှိရဲ့လား။

၁၅။ မျက်နှာများတယ်ဆိုတာ အချစ်နဲ့ဦးနှောက်တွဲနေတာ(ကိတ်မုန့်လေးပါစားချင်တယ်ဆိုသလိုမျိုး)
ကဗျာဆန်တယ်ဆိုတာ မိန်းမအတွက် ပန်းပေါ်ဖီဝယ်ပေးရင်း နှင်းဆီတစ်ပွင့်ပါဝယ်လာတာ
မီးဖိုချောင်ဆိုတာ မင်္ဂလာဆောင်တဲ့ အနီရောင်ကော်ဇောရဲ့ လမ်းဆုံးပါ။

၁၆။ တယောက်ကို ပြန်ချစ်အောင်လုပ်မယ်ဆိုကတည်းက သင်သူ့ကိုအရမ်းချစ်မိနေတာပါ။

၁၇။ မာနတွေ ခေါင်းမာတာတွေကို လွတ်လိုက်ပြီ ငါနင့်ကိုလက်မလွတ်နိုင်လို့ပါ။

၁၈။ ချစ်မိရင် လွယ်လွယ်နဲ့ လက်မလျော့ပါနဲ့။ ဇွတ်လုပ်မိရင်တော့ ခဏတာနောင်တရလိမ့်မယ်။ မှားရွင်းသွားရင်တော့ တစ်သက်တာနောင်တရလိမ့်မယ်။

၁၉။ အချစ်မရှိရင် ဘ၀ဟာမပြည့်စုံဘူး။ နာကျင်ခံစားမှုတွေမရှိခဲ့ရင် အချစ်ကမနက်နဲဘူး။
အချစ်က ဘ၀ကိုပြည့်စုံစေတယ်။ နာကျင်မှုက အချစ်ကိုအရောင်ဆိုးပေးတယ်။

၂၀။ အချစ်ဟာ ကော်ဖီတစ်ခွက်လိုပဲ ခါးခါးလေးနဲ့ စွဲမက်စေတယ်။ ပူပူလေးမှသောက်လို့ကောင်းတာ။ ကြာကြာထားပြန်ရင်လည်း အေးသွားတယ်။ သောက်လိုက်ပြန်ရင်လည်း ကုန်သွားတယ်။ ကုန်သွားရင်လည်း နောက်တစ်ခွက်ထပ်ဖျော်လို့ရတယ်။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment