Friday, January 8, 2010

မင်းကို ချစ်တယ်…ဒါကြောင့်သတိရတယ်….

မင်းသိလား…….
ငါမင်းကိုချစ်တယ်…ဒါကြောင့် ငါညပေါင်းများစွာမအိပ်ပျော်ဘူး….မင်းအကြောင်းကိုပဲစဉ်းစားနေတာ…
မင်းအကြောင်းကိုစဉ်းစားနေရင် အားလုံးကိုမေ့ပြီး မင်းနဲ့ငါဆိုတဲ့ကမ္ဘာမှာ နစ်မျောနေခဲ့တယ်……
မင်းကို သတိရတဲ့စိတ်က မင်းအပေါ်မပြောင်းလဲတဲ့အချစ်စစ်နဲ့ ချစ်နေတယ်….
နာရီလက်တံရဲ့အသံတွေ နားထဲမှာကျယ်လောင်စွာကြားလိုက်ရတယ်
ငြိမ်သက်နေတဲ့ညကမ္ဘာမှာ ငါမင်းကို သတိရနေတယ်….
မင်းကို ချစ်တယ်ဆိုတာ မင်းသိသလို မင်းလေး ငါ့ကို ချစ်တယ်မလား
တို့နှစ်ယောက်ရဲ့ တစ်ဦးကိုတစ်ဦးနားလည်မှုတွေကြောင့် မင်းကို ပိုသတိရလာတယ်….
အချိန်တွေဘယ်လိုကုန်ဆုံးပါစေ…. မင်းနဲ့ငါရဲ့အချစ်ကို မတားဆီးနိုင်ပါဘူး….
ငါ….တခါတလေ….မထင်မှတ်ပဲ ….. မင်းကို ထိခိုက်နာကျင်ခဲ့မယ်ဆိုရင်…. ခွင့်လွတ်ပေးပါ….နော်….
မင်းကိုသတိရတဲ့ မင်းကိုချစ်တဲ့….စိတ်လေးနဲ့ မင်းရဲ့ရင်ထဲထိရောက်အောင် စကားလုံးနဲ့မပြောတက်လောက်အောင်ပါပဲ…
မင်းကို သတိရတဲ့စိတ်….သတိရလို့ နာကျင်နေတဲ့စိတ်…ဟာ ငါ့နှလုံးသားရဲ့တနေရာမှာ ကဗျည်းထိုးထားသလို…မင်းကိုချစ်တဲ့စိတ်လဲဖျောက်လို့ရမှာမဟုတ်ပါဘူး…..
ငါဘယ်လိုစကားလုံးတွေနဲ့ ပြောရမယ်မသိဘူးဆိုပေမဲ့….ငါ့ရဲ့သတိရတဲ့စိတ်တွေက ဒီစာလေးကိုရေးဖို့ ကူညီပေးနေတယ်လေ……
နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့မင်း ငါရဲ့သတိရတဲ့စိတ်ကြောင့် မင်းလေး ငါ့ကိုသတိရသွားမယ်ဆိုရင် ငါပျော်ပါတယ်….
မနက်မိုးလင်းလို့ မင်းလေးနိုးလာတဲ့အခါ ငါလေညင်းလေးနဲ့ စကားပါးလိုက်တယ်…်….`မင်းကိုချစ်တယ်သတိရတယ်´
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment