မင်းရဲ့မျက်ဝန်းထဲကနေ ငါ့ရဲ့ပျော်ရွှင်မှုတွေထင်ဟပ်နေတယ်
တွဲထားတဲ့လက်တွေကလဲ မနက်ဖန်တိုင်းအတွက်အားအင်တွေပြည့်နက်နေတယ်
နီးနေဝေးနေ ဘယ်ရာစုဖြစ်နေပါစေ
ကောင်းကင်ဘုံမှာပျော်မွေ့မှာလား လေလွင့်နေမှာလား
ငါမင်းကိုချစ်လို့ ငါအရဲစွန့်ဝံ့တယ် ဘယ်ကံကြမ္မာမဆို
တခါတလေမှာ ငါမင်းကိုလုံးဝနားမလည်ဘူး ငါကိုယ်တိုင်လဲ ကိုယ့်ကိုနားမလည်ပါဘူး
ငါတို့ရဲ့ရင်းနှီးမှုတွေဆိုတာ နာကျင်မှုတွေက သက်သေပါ
ငါစိတ်မလုံမလဲ ယုံကြည်ချက်တွေမဲ့လာရင် ငါလုပ်ချင်တာကိုလုပ်လာတယ်
ငါရဲ့ဒီလိုစိတ်ကိုမင်းသိရင် မင်းငြိုငြင်မှာစိုးလို့ပါ…
ငါမင်းကိုချစ်လို့ မင်းရဲ့ ပင်ပန်းမှုတွေ စိုးရိမ်မှုတွေ သိခွင့်ပြုပါ
ငါမင်းကိုချစ်လို့ မင်းရဲ့ နှလုံးသားထိ ရောက်စေနိုင်တဲ့ အနမ်းမျိုးပေးချင်တယ်
မင်းနဲ့ငါနဲ့ကြားမှာရှိတဲ့ တံတိုင်းကြီးတွေ မိုးသက်လေပြင်းတွေကို ငါကျော်ဖြတ်နိုင်တယ်
ယုံကြည်ချက်တွေကင်းမဲ့နေတဲ့ငါ အချိန်ကကုစားဖို့လိုနေတယ်
မင်းရဲ့လက်ကိုတွဲပြီး မသိတဲ့အနာဂတ်ကို လျှောက်ဖို့ ငါစိတ်ကူးယဉ်မိတယ်
အတူတူ မိုးပေါ်ကကြယ်တွေကို ကြည့်မယ်….
အတူတူ သဘာဝတောတောင်ရဲ့အရသာကို ခံစားမယ်
အတူတူ အထင်လွဲကြမယ် အတူတူ မိုးရွာပြီး နေတာတာကို စောင့်မယ်
အတူတူ အေးမြတဲ့မေတ္တာနဲ့ လျှောက်လှမ်းမယ်
ငါမင်းမရှိလို့မဖြစ်ဘူး မင်းမရှိတဲ့နေ့တွေကို ငါလုံးဝမရင်ဆိုင်နိုင်ဘူး…..
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ
Friday, January 15, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment