Friday, January 15, 2010

တကယ်ခွင့်လွတ်တာလား

လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်က သူ့ရဲ့လက်ထောက်အကူနဲ့ မီးသီးကို တီထွင်နေတယ်… မောပန်းစွာ ကြိုးကြိုးစားစားလုပ်ကိုင်ပြီးနောက် အောင်မြင်သွားခဲ့တယ်..
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ
အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းသို့ သူ့ရဲ့ တပည့်လက်ထောက်ကို သယ်ဆောင်ခိုင်းတယ်။ တပည့်က သေချာဂရုစိုက်စွာ တလှမ်းချင်း လှေခါးပေါ်တက်တယ်… လက်ထဲက မီးသီးလေးကို ရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ်ရောက်ခါနီးမှာ မီးသီးကျကွဲသွားတယ်…
နနနနနနနနနနနနနနနနန
အက်ဒီဆင် အပစ်မတင်ခဲ့ဘူး။ နောက်ရက်အနည်းငယ်ကြာ ပြန်တီထွင်ပြီး ရလာတဲ့ မီးသီးကို သူ့ရဲ့တပည့်ကိုပဲ ပြန်ယူခိုင်းတယ်။ ဒီတစ်ခါတော့ တပည့်က ချောမောစွာသယ်ဆောင်နိုင်ခဲ့တယ်။
ငငငငငငငငငငငငငငငငငငင
ဒါကိုကြည့်နေတဲ့လူတစ်ယောက်က ခွင့်လွတ်ရင်ရပြီလေ ဘာလို့ နောက်တစ်ခါထပ်ယူခိုင်းတာလဲ ထပ်ပြီးကျကွဲသွားရင်ဘယ်လိုလုပ်မလဲလို့ မေးတယ်။
အက်ဒီဆင်က “ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘူး။ အခွင့်အရေးပေးရတာ”
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment