Friday, January 15, 2010

အချစ်နှစ်မျိုး ဘ၀နှစ်မျိုး

G: မိန်းကလေး B:ယောင်္ကျားလေး
၁။
G: `ယောင်္ကျား ရေတခွက်လောက် ခက်ပေးပါလား´
B: ဗိုလ်ကျားသေနတ်စွဲမယ် ရှုံးတဲ့သူသွားခက်
G: တော်ပြီ….
၂။
သူတို့တွေ ကိုးရီးယားကားအတူတူကြည့်နေတဲ့အချိန် ကောင်မလေး ထသွားတယ်
B: ဘာသွားလုပ်မလို့လဲ
G: ရေသွားခက်မလို့
B: ထိုင်နေ ကို သွားခက်ပေးမယ်….
>>>>>>> မိန်းကလေးတွေ သနားဖို့ကောင်းပါတယ်… ယောင်္ကျားလေးတွေအပေါ် တခုတည်းသောတောင်းဆိုချက်ကတော့ သူတို့အပေါ် ကြင်နာဖို့ပါ။ ဘာမှမရှိချင်နေ… သူ့အပေါ် ကြင်နာရင်… လုံလောက်ပါပြီ…

၁။
B: အချစ် ဒီနေ့ ညနေ သူငယ်ချင်းနဲ့ ထမင်းအတူသွားစားစရာရှိတယ်
G: ငါနဲ့ ဈေးသွားဖို့ပြောထားတယ်လေ
B: နောက်နေ့…
ကောင်မလေး ငိုရတယ်.. အမြဲဒီလိုပဲ
၂။
B: အချစ် ဒီနေ့ တယောက်က ဘော်လုံးပွဲလက်မှတ်ပေးတယ် မန်ချက်စတာကန်မှာ ကို သွားကြည့်လိုက်မယ်
G: အော် အဲလိုလား၊ ရတယ်လေ
B: စိတ်ဆိုးနေတာလား
G: မေ့နေပြီလား ငါ့သူငယ်ချင်းတို့လင်မယားနဲ့ ထမင်းသွားစားဖို့ချိန်းထားတာ
B: အားးးးးးးးး မေ့နေလိုက်တာ တောင်းပန်ပါတယ် လက်မှတ်သူများကိုပေးလိုက်တော့မယ်… ထမင်းအတူသွားစားမယ်
G: ရတယ် နောက်နေ့မှသွားတွေ့ကြတာပေါ့…
B: မရဘူး… ကို ပြောပြီးတာဆိုရင် လုပ်ကိုလုပ်ရမယ်။ တယောက်ထဲသွားရင် သူတို့လင်မယားကြားနေရခက်နေမယ်။
G: ရတယ်…
ကောင်မလေးပြောလို့မပြီးသေးခင် B: စကားနားထောင် ပြင်ဆင်ထား ခုလာကြိုမယ်
>>>>>>>>>>>>မိန်းကလေးတွေက နားမလည်ပေးကြတာမဟုတ်ပါဘူး။ သူတို့ထက် နားလည်ပေးမဲ့ သူကိုလိုလားတာပါ။ ချစ်သူတွေကြားမှာလိုနေတာလဲ နားလည်ပေးမှု လေးစားမှုပါပဲ။

၁။
B: ညထမင်းအပြင်မှာစားမယ်
G: ဘယ်အချိန်ပြန်လာမှာလဲ
B: ၉နာရီ သေချာပေါက်ပြန်လာမယ်
G: ၉နာရီတောင်ခွဲကျော်ပြီ ဘာလို့မပြန်လာသေးတာလဲ
B: ၁၀နာရီ တကယ်ရောက်မယ်
၁၁နာရီ ၁၂ နာရီ ၁ နာရီ…
ကောင်မလေးဖုန်းမဆက်တော့ဘူး သူသိတယ် ကတိမတည်တဲ့ယောင်္ကျားလေး က တကယ် သေချာ လို့ပြောတာတွေက ဖြစ်ချင်မှဖြစ်လာတာပါ။
၂။
B: ညထမင်းအပြင်မှာစားမယ် ၉နာရီကျရင် ရုပ်ရှင်အတူသွားကြည့်မယ်
G: ထမင်းစာတာပြီးပ့ါမလား
B: စိတ်ချ။ လုပ်နိုင်လို့ပြောတာ
၉နာရီလောက်
B: ပြီးပြီလား အိမ်ကိုရောက်တော့မယ် ပြင်ဆင်ပြီး ဆင်းလာခဲ့တော့
>>>>>>>>>>>>>> ယုံကြည်မှုဆိုတာ အသေးအဖွားကနေတည်ဆောက်လာခဲ့တာပါ။

၁။
သူမရဲ့ တလတခါနေမကောင်းတဲ့အချိန်မှာ ဗိုက်နာခါးနာတာတွေကို အောင့်ထားပြီး အိမ်မှုကိစ္စတွေကို လုပ်နေတယ် .. ကောင်လေးကတော့ TV ရှေ့ကမခွါဘူး။ ကောင်မလေး အလုပ်တွေပြီးတော့ ကုတင်ပေါ်သွားလဲပြီး သက်ပြင်းချလိုက်တော့ ကောင်လေးက ``အချစ် မောသွားပြီလား´´ လို့မေးပြီး ကြည့်တာကို ဆက်ကြည့်နေလိုက်တယ်။
၂။ ကောင်လေးသိတယ်……
B: သွား အနားသွားယူ.. ကို လုပ်လိုက်မယ်
G: လုပ်တတ်လို့လား သွားပါ
B: မလုပ်တတ်ရင် သင်လိုက်မယ်လေ။ နောက် မိန်းမဖျားရင် ကို အားလုံးလုပ်တတ်အောင် ပြုစုရအောင် သင်ထားမယ်။
>>>>>>>>>>မိန်းကလေးတွေ လိုအပ်တာ အပေါ်ယံစကားချိုချိုလှလှလေးတွေမဟုတ်ပါဘူး။ ဒီလိုပြောလိုက်ရင် အပြုံးတပွင့်တော့ရမယ်။ ဒါပေမဲ့ တကယ့်စိတ်ရင်းနဲ့ မိန်းကလေးကို ဂရုစိုက်မယ် ကြင်နာမယ်ဆိုရင် သူမ တသက်လုံး ကျေးဇူးတင်သွားမှာပါ။ သူမ နွေးထွေးတဲ့ အိမ်ထောင်တခုဖြစ်အောင် ဖန်တီးပြီး ကျေးဇူးဆပ်မယ်…..
၁။
B: မင်းက အကောင်းဆုံးပဲ
G: ဘာကောင်းတာတုန်း
B: ပညာတော်တယ် ဘာမဆိုလုပ်ရည်ကိုင်ရည်ရှိတယ် လှတယ် ချစ်ဖို့ကောင်းတယ် ကို့အပေါ်ကောင်းတယ်
မိန်းကလေးရီတယ်…………………………..
၂။
B: ငါတွေ့ဖူးတဲ့ မိန်းကလေးတွေထဲမှာ အကောင်းဆုံးပဲ
G: ဘာကောင်းတာတုန်း
B: နင်ကနင့်ဘေးနားမှာရှိတဲ့သူတွေအပေါ် ဖော်ရွေတယ် သနားတယ် ကြင်နာတယ် တကိုယ်ကောင်းမဆန်ဘူး ထိခိုက်အောင်မလုပ်ဘူး။ စိတ်ကောင်းရှိတဲ့သူနား နေ့ရတာ နွေးထွေးစေတယ်။ နင်က အကောင်းဆုံးမိန်းကလေးပဲ။ မင်းကို ထိခိုက်နာကျင်အောင်လုပ်တဲ့သူဆို ငရဲကျသင့်တယ်။
ကောင်မလေးငိုသွားတယ်……
>>>>>>>>>> လူတယောက်က သူအပေါ်ကောင်းလို့ သင့်ကို ကောင်းတယ်လို့မြင်မယ်
>>>>>>>>>>လူတယောက်က သင်ကောင်းတာကိုသိလို့နားလည်လို့ သင့်အပေါ်ကောင်းမယ်
ပျော်ရွှင်တဲ့ချစ်သူရည်းစားတွေဆိုတာ တယောက်ကိုတယောက် အားနည်းချက်အားသာချက်တွေကို သိပြီး အားနည်းချက်ကို လက်ခံနိုင်ရမယ်။ အားသာချက်ကို ပီတိဖြစ်နေမယ်။
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment