Friday, January 15, 2010

တကယ်လို့များ

တကယ်လို့ အကျယ်ကြီးအော်လိုက်လို့ မနာကျင်တော့ဘူးဆိုရင်
ငါအကျယ်ကြီးအော်ချင်တယ်….
တကယ်လို့ အားရပါးရငိုလိုက်ရင် အားလုံးပျောက်သွားမယ်ဆိုရင်
ငါအားရပါးရငိုချင်တယ်…
တကယ်လို့ လုပ်ချင်တာလုပ်လိုက်ရလို့ ကျေနပ်သွားမယ်ဆိုရင်
တခြားသူရဲ့မျက်ဝန်းတွေကို ငါအရေးမလုပ်ပဲ ငါလုပ်မယ်…
တကယ်လို့ ငါစောင့်လို့ မင်းပြန်လာမယ်ဆိုရင်
ငါ့အားအင်တွေ ကုန်ဆုံးတဲ့ အထိစောင့်စားမယ်….
တကယ်လို့ တကယ်လို့ တကယ်လို့….. များလိုက်တဲ့ တကယ်လို့… ဖြစ်နိုင်မယ်ဆိုရင်ပေါ့
ငါသူ့ကိုမချစ်ချင်ဘူး သတိမရချင်ဘူး မမျှော်လင့်ချင်ဘူး မ၀မ်းနည်းချင်ဘူး..
ဒီလိုဆိုရင် ဘယ်လောက်ကောင်းမလဲ…..
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment