Friday, January 8, 2010

မဖြစ်နိုင်တော့တဲ့ချိန်းဆိုချက်တစ်ခု

နွေးထွေးတဲ့ ညနေခင်းနေရောင်ခြည်အောက်မှာ ကောင်လေးနဲ့ကောင်မလေး ဆေးရုံမှာ တွေ့ဆုံခဲ့ကြတယ်… အကြည့်ချင်းဆုံပြီး ငယ်ရွယ်နုနယ်တဲ့ နှလုံးသားလေးတွေ ………………….
တစ်ယောက်ရဲ့အကြည့်ကနေ နောက်တစ်ယောက်ရဲ့အကြည့်ထဲမှာ ၀မ်းနည်းပူဆွေးမှုတွေကို နားလည်နေတယ်…
အဖြစ်ချင်းကတူနေကြတော့……….
သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ဟာ အရမ်းကို ခိုင်မြဲလာခဲ့တယ်……….
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့တယ်……….
တစ်ရက် ဆေးရုံမှ ကိုယ့်အိမ်ကို ပြန်ကြဖို့ပြောလာတယ်(ရောဂါကျွမ်းနေပြီ)
သူတို့ဟာ ကိုယ့်အိမ်ကိုပြန်ကြပြီး နေ၀င်နေထွက်ကို အထီးကျန်စွာဖြတ်သန်းနေကြတယ်…
ဒါပေမဲ့ သူတို့ နှစ်ယောက်ရဲ့ ချိန်းဆိုချက်တွေတော့ သူတို့မမေ့ကြဘူးပေါ့။
ဒီလိုနဲ့ ၃ လ ကျော်သွားချိန်မှာ … နေ၀င်ချိန်…. ကောင်မလေးဆီ စာတစ်စောင်ရောက်လာတယ်..
အဲဒီစာလေးကိုဖတ်ပြီး ကောင်မလေးရဲ့မျက်နှာမှာ အပြုံးလေးနဲ့ ဒီဘ၀ကို နိဂုံးချုပ်လိုက်တယ်….
ကောင်မလေးရဲ့မိခင်ကကောင်မလေးကိုင်ထားတဲ့ စာကို ယူဖတ်လိုက်တယ်….
“ ကံကြမ္မာကဘယ်လောက်လှည့်စားနေပါစေ၊ မကြောက်ရွံ့ပါနဲ့၊ နင့်အနားမှာငါရှိနေမှာပါ… ပြီးတော့ နင့်ကို ဂရုစိုက်တဲ့သူတွေအများကြီးရှိတယ်.. နင်တစ်ယောက်တည်းမဟုတ်ပါဘူး… နင့်ကို ချစ်တဲ့လူတွေ နင့်အနားမှာရှိတယ်”
ကောင်မလေးမရှိတော့တဲ့နောက် သူ့အမေက ကောင်မလေးအံဆွဲထဲကနေ စာတစ်စောင်တွေ့တယ်…
စာက သူ့အမေအတွက်ပါ…..
“အမေ၊ ဒီစာလေးကို ဖတ်နေချိန်မှာ သမီးရှိချင်မှရှိတော့မယ်…. သမီးလုပ်ချင်တာတစ်ခုရှိသေးတယ်…
ကောင်လေးနဲ့ ချိန်းဆိုထားတာတစ်ခုရှိတယ်… ဒီဘ၀ဆုံးတဲ့အထိ အတူတူ ခရီးဆက်ကြမယ်ဆိုတာပါပဲ။
ဒီချိန်းဆိုထားတဲ့အတိုင်း သမီးမလုပ်နိုင်တော့ဘူးထင်တယ်.. ဒီစာလေးတစ်စောင်ကသူ့အတွက်ရေးထားတာပါ သမီးမရှိတော့လဲ သူအတွက် ရဲရင့်စွာရှင်သန်နိုင်ဖို့ပါ..”
သမီးရဲ့လက်ရေးလေးတွေကို ကြည့်ပြီး ငိုတာ စာတွေတောင်စိုသွားတယ်…. ကောင်လေးကို သွားတွေ့ဖို့ ဒီစာလေးက လှုံ့ဆော်နေတယ်…………
ကောင်လေးရဲ့အိမ်ကို ကောင်မလေးရဲ့မိခင်သွားခဲ့တယ်…
ကောင်လေးအိမ်ကိုဝင်တာနဲ့ သူမ နားလည်သွားတယ် ကောင်လေးလည်းမရှိတော့ဘူး….
သူမ ကို ကောင်လေးမိခင် က စာတစ်စောင်ထုတ်ပေးလာတယ်……
ကောင်လေးမရှိတော့တာတစ်လရှိသွားပြီဆိုတာလည်းသိလိုက်ရတယ်…
ကောင်လေးကိုယ်စား ကောင်လေးမိခင်ကစာတွေကို ကောင်မလေးဆီ ကိုယ်စားပို့ပေးနေတာ…
ကောင်လေးမိခင်က “ သူတို့နှစ်ယောက် ဒီဘ၀ဇာတ်ခုံကို အတူတူပြီးအောင် က မလို့တဲ့…” ပြောရင်း ငိုတာ အသံတောင်မထွက်ရှာတော့ဘူး………..
ကံကြမ္မာက ဒီလောက်တောင်ရက်စက်ရလား…… ငယ်ရွယ်တဲ့ ပန်းပင်လေးတွေဟာ ရှင်သန်ခွင့်မရဘဲ ညှိုးနွမ်းသွားရပြီ….
ကံကြမ္မာက ဒီလောက်သဘောထား ကြီးရတာလား …. သူတို့ကို တွေ့ဆုံစေခဲ့ပြီး ရှင်သန်ခြင်း လမ်းတွေကို ညွန်ပြသွားခဲ့တယ်………….
သူတို့ရဲ့ နောက်ဆုံးအချိန်အထိတောင် တစ်ယောက်နဲ့တစ်ယောက် အားပေးနှစ်သိမ့် နေကြတယ်………..
ကောင်မလေးမိခင် က ကောင်လေးမိခင်ကို တင်းကြပ်စွာ ဖက်လိုက်ပြီး
“ဒီလှပတဲ့ ချိန်းဆိုချက်တစ်ခုလေးအတွက်နဲ့……………………….”
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

No comments:

Post a Comment