Friday, January 15, 2010

ဒီမေးခွန်းကို သေချာဖြေကြည့်ပါ

မိုးသက်လေပြင်းတွေကျနေတဲ့နေ့မှာ သင်က ကားတစ်စီးနဲ့ ဘတ်စ်ကားဂိတ်ရှေ့ကနေမောင်းသွားမယ်။
အဲဒီမှာ ကားကိုစောင့်နေတဲ့ လူသုံးယောက်ရှိမယ်.. မိုးရေတွေလဲစိုလို့ပေါ့
တယောက်က အရမ်းနာမကျန်းဖြစ်နေတဲ့ အဖိုးအို။ သူက ဆေးရုံကို သွားရမယ်။
တယောက်က ဆရာဝန် သင့်အသက်ကို ကယ်ဖူးတဲ့ ဆရာဝန်။ ဒီအခွင့်အရေးနဲ့ ကျေးဇူးပြန်ဆပ်ချင်နေမယ်။
နောက်တယောက်ကတော့ သင်သိပ်ချစ်ရတဲ့ သူ။ သင်နဲ့ လက်ထက်မဲ့သူ။ အခွင့်အရေးကို လက်လွတ်မဆုံးရှုံးချင်ဘူး။
ဒါပေမဲ့ သင်မောင်းနေတဲ့ ကားက နောက်ထပ်လူတယောက်ကို ပဲ တင်လို့ရမှာ။
သင်ဘယ်သူ့ကို တင်မှာလဲ။ ဘယ်သူ့ကို ရွေးချယ်မှာလဲ။
ဒါကတော့ သင့်ရဲ့စိတ်ကို စမ်းတဲ့မေးခွန်းလေးပါ။ လူတိုင်း သူ့အကြောင်းပြချက်နဲ့ သူဖြေသွားတာပဲ။
အဖိုးအိုကသေတော့မှာမလို့ သူ့ကို အရင်ကယ်ရမယ်။
ဆရာဝန်ကိုလဲ ကျေးဇူးဆပ်ချင်တယ်။
သင့်ရဲ့ချစ်သူကိုလဲ သင်လက်မလွတ်နိုင်ဘူး။ အခွင့်အရေးဆိုတာ တစ်ခါပဲရှိတာ။
သင်ရဲ့ အဖြေက ဘာလဲ……………………
သင်ဖြေပြီးပြီဆိုရင်တော့……
အောက်ကအဖြေလေးကိုကြည့်လိုက်ပါ…
သင်ဖြေပြီးမှာကြည့်ပါ………………………..
<<
<<
<<
<<
<<
<<
<<
လူတယောက်ကဖြေတယ် ဒါပေမဲ့ သူဖြေရှင်း သူဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာတော့ သူမပြောသွားဘူး။
သူဖြေလိုက်တာက
“ ဆရာဝန်ကို ကားသော့ပေးပြီး အဖိုးအိုကို ဆေးရုံပို့ခိုင်းမယ် ကျွန်တော်ကတော့ ကျွန်တော့် ချစ်သူနဲ့ ဘတ်စ်ကားအတူတူစောင့်မယ်”
<<ဒီအဖြေလေးကတော့ အကောင်းဆုံးအဖြေလို့ထင်ပါတယ်။
ဒါပေမဲ့ ကျွန်မအပါအ၀င် အားလုံး ဒီအဖြေကိုစဉ်းစားမိကြမယ် မထင်ပါဘူး။
>>>>ဆိုလိုရင်းကတော့ အားလုံးက လက်ထဲမှာပိုင်ဆိုင်ထားတဲ့အရာကို (ကားသော့) ကို မဆုံးရှုံးနိုင်ကြဘူး။ တစ်ခါတစ်လေ ကျွန်မတို့ရဲ့ အတ္တတွေကို လက်လွတ်လိုက်ရင် အားလုံးအဆင်ပြေသွားမယ် မဟုတ်လား။
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment