ခရုလေးက သူ့အမေကိုမေးတယ် “ဘာလို့မွေးကတည်းက ဒီလေးလံတဲ့ အခွံကို ထမ်းနေရတာလဲ”
အမေ- အမေတို့က အရိုးတွေမရှိဘူး ဒါကြောင့်တွားသွားရတယ် တွားသွားတာလဲနှေးလို့ ဒီအခွံလေးနဲ့ ကာကွယ်ထားတာ”
ခရုလေး- ပိုးသုံးလုံးမှာလဲ အရိုးမပါဘူး တွားသွားတာမြန်တယ် ဘာလို့ လေးလံပြီးမာကြောတဲ့ အခွံကို မထမ်းနေရတာလဲ
အမေ-ပိုးသုံးလုံးလေးက လိပ်ပြာဖြစ်သွားရင် မိုးကောင်ကင်ကြီးက ကာကွယ်ပေးမှာလေ။
ခရု- ဒါဆို တီကောင်က ပျံလဲမပျံနိုင်ဘူး ဘာကြောင့် ဒီလိုအခွံကို မထမ်းရတာလဲ။
အမေ- တီကောင်က မြေကြီးထဲမှာခိုအောင်းလို့ရတယ် မြေကြီးက သူတို့ကို ကာကွယ်ပေးမယ်။
ခရုလေးငိုတယ်
ခရု- အမေ သားတို့တွေ သနားဖို့ကောင်းတယ်နော် ကောင်းကင်ကြီးလဲ မကာကွယ်ဘူး၊ မြေကြီးလဲ မစောင့်ရှောက်ဘူး။
အမေ- ဒါကြောင့် အမေတို့မှာ ကိုယ်ပိုင်အခွံရှိတယ်။ ကောင်းကင်ကို အားမကိုးသလို မြေကြီးကိုလဲအားမကိုးဘူး။ အမေတို့က ကိုယ့်အားကိုကိုးမှာ။
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ
Friday, January 15, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment