Friday, January 8, 2010

မိန်းမများကို ချစ်စေသော ယောက်ျား

မိန်းမများကို ချစ်စေသော ယောက်ျား

သိပ်မဆိုးပါဘူး
သိပ်လည်းမဖြစ်နိုင်ဘူးထင်တယ် …. ဟားဟား
ဒါပေမယ့် ဖတ်ကြည့်ကြည့်ပေါ့ .. တကယ်လဲ အရမ်းစိတ်မလှုပ်ရှားနဲ့နော် …..

မင်းကို တကယ်ချစ်တဲ့ ယောင်္ကျားလေးဟာ …………….
သူ ဖက်လိုက်ရင် အရမ်းနွေးထွေးစေတယ် …
သူ လျှာရှည်လာပြီဆိုရင်လည်း အရမ်းကို စိတ်ရှုပ်တယ် …
ဘေးမှာရှိရင် မုန်းတယ် .. မရှိပြန်တော့လဲ လွမ်းတယ် …

ပြီးတော့ …

ကိုယ်စားလို့မကုန်တဲ့ ထမင်းဟင်းတွေကို သူက နှမြောတယ်ဆိုပြီး ဆက်စားသူ ….
အေးစက်နေသော လက်တွေကို နွေးထွေးအောင်လုပ်ပေးသူ ….
တူတူဈေးသွားဝယ်ချိန် ရှိသမျှအထုပ်ကို သယ်ပေးပြီး မနိုင်တဲ့ကြားက လက်လာတွဲသူ ….
Shopping ထွက်ရင် ‘လျှော့သုံးပါအုံး’ လို့ အမြဲပြောသူ …
ရာသီလာချိန် မတည့်သောအရာကို ခိုးစားချိန်မှာ ဖမ်းမိပြီး အရမ်းကိုစိတ်ဆိုးတတ်သူ …
ကိုယ်ဖျားနေချိန်တွင် သူက ကိုယ့်ထက်ပိုပိန်သွားသူ …
အပြင်မထွက်ခင် ကိုယ့်ရဲ့မှန်တစ်ချပ်ကဲ့သို့ရှိသူ …
လစဉ်ဟိုပစ္စည်းဝယ်ရန်မမေ့သူ ….
ရန်ဖြစ်ပြီးသော်လည်း အရှက်မရှိပြေးပြီးလက်လာဆွဲသူ ….
ပန်းတွေကို လက်ဆောင်အဖြစ်မပေးဘဲ ……….. ဟို ပစ္စည်းတို့၊ သစ်သီးတို့ကို ပေးတတ်သူ …
ကိစ္စရှိရှိ မရှိရှိ အိမ်မှာပဲနေသူ .. (သူငယ်ချင်းတောင် မရှိသလို ထင်ရအောင် လုပ်သူ)
ကိုယ်သဘောကျနေတာကို ငေးမောကြည့်နေတတ်သူ ….
ကိုယ့်ရဲ့ကိစ္စအားလုံးကို အစအဆုံးတာဝန်ယူချင်သူ ….
ခိုးခိုးပြီး ကိုယ့်အတွက်ရည်ရွယ်လုပ်ပေးတတ်သူ ….. (တို့မသိလိုက်ရပါ)
သူ့ရဲ့လက်မောင်းကို ကိုယ့်ရဲ့ခေါင်းအုံးအဖြစ် သတ်မှတ်ထားသူ ….
TV control ကို လုပြီး နောက်ဆုံးတော့ ကိုယ်ကြည့်ချင်တာကို တူတူလိုက်ကြည့်တတ်သူ ….
သူမရှိရင် ဘာမှမလုပ်တတ်တော့သလို ဖြစ်သွားပြီဆိုရင် …… (အရင်ကတော့ ကိုယ့်ဘာသာလုပ်နေကျ)

တကယ်လို့များ …………
မင်း ဘေးနားမှာ အဲ့လိုလူ ရောက်နေပြီဆိုရင် ကောင်းကောင်းမြတ်နိုးလိုက်ပါ …..
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

No comments:

Post a Comment