Friday, January 8, 2010

မှော်အချစ်

အချစ်တမျိုးရှိတယ် …….
ယဉ်ယဉ်လေးနဲ့ရူးနေတဲ့ အချစ်
အဝေးကနေဆုတောင်းပေးနေရတဲ့အချစ်
ရင်နာစရာတွေပြည့်နေတဲ့အချစ်

အချစ်တမျိုးရှိတယ် ……. နာကျင်မှုလို့ခေါ်တယ်
နာကျင်တာမှာ နှလုံးသားကို လာစုပ်ကိုင်ထားသလို
ခေါင်းထဲမှာလဲ ဘာစဉ်းစားနေမှန်းမသိ နာကျင်လွန်းလို့ ထုံထိုင်းသွားပြီ

အချစ်တမျိုးရှိတယ် ……. ဝေးလံကျယ်ပြန့်တဲ့ ပင်လယ်ကြီးနဲ့တူတယ်
နေမင်းကြီးက ပင်လယ်ပြင်ကို အခိုးအငွေ့ပျံအောင် အပူးဒဏ်တွေပေးနေပါစေ ပင်လယ်ကြီးကရေတွေမလျော့သွားသလိုပေါ့။

အချစ်တမျိုးရှိတယ် ……. စွန့်လွတ်ခြင်းတဲ့
အဖြေမရှိတဲ့မေးခွန်းတွေအများကြီးရှိမှန်းသိလျက်
အဖြေကို ရှာဖွေနေတာ….မောပန်းလှပါတယ်

အချစ်တမျိုးရှိတယ် ……. နားလည်မှုတဲ့
နားလည်မှုပေးတယ်ဆိုတာလဲ အချစ်ပါပဲ
ချစ်တဲ့သူရဲ့ အားနည်းချက်တွေကို နားလည်ပေးမယ်
အားလုံးကိုခွင့်လွတ်ပေးမယ်
သူနောင်တရဖို့ ကိုယ်က အခွင့်အရေးပေးမယ်
သံဝေဂရဖို့ သူ့အတွက် စဉ်းစားဖို့အချိန်တွေပေးမယ်
အေးဆေးညှိုနှိုင်းယူမယ် အချစ်တခုတည်မြဲဖို့ပေါ့

အချစ်တမျိုးရှိတယ် ……. လက်လွတ်ခြင်းတဲ့
ဘယ်လိုပဲ ဝေးကွာနေပါစေ၊ ဘယ်လောက်ပဲ စောင့်စားနေရပါစေ ဆိုပြီး ရူးမိုက်ယုံကြည်ခဲ့ကြတယ်
ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းမှာအကြောင်းပြချက်မရှိလို့
သူ့အတွက်အချုပ်အနှောင်မဖြစ်ချင်လို့ လက်လွတ်ရမယ်
သူငါ့ကို ထားခဲ့တဲ့ ကျောပြင်ကို ခွင့်လွတ်တဲ့အကြည့်နဲ့ ကြည့်ပေးရမယ်။
အမှန်တိုင်းပြောရရင် ဒီလို လက်လွတ်ခြင်းဆိုတဲ့အချစ်က အင်အားအကြီးမားဆုံးပါပဲ
သူတကယ်ခွင့်လွတ်တာလား ဟန်ဆောင်နေတာလား………
သူနာကျင်နေမှာတော့ သေချာတယ်

တကယ်တော့ တကယ်ချစ်ခဲ့တဲ့သူတွေ နားလည်ပါလိမ့်မယ်
ချစ်ခြင်းမေတ္တာရှိရင် ပျော်ရွှင်မှာပါ
တွေ့ဆုံခြင်းဟာ ရေစက်၊ တွေ့ဆုံပြီးရင်းနှီးကြတယ်၊
ချစ်ကျွမ်းဝင်တယ်ဆိုတာ ရေစက်ရှိသူတိုင်းနဲ့မဟုတ်ပါဘူး။
ရေစက်စုံလို့ စုံကြတယ် ရေစက်ဆုံးတော့ ခွဲခွါကြတယ်။
ဒါကို လက်လွတ်ခြင်းတဲ့။

အချစ်တမျိုးရှိတယ် ……. ခွဲခွါခြင်းတဲ့
အချစ်ဟာထာဝရလို့ ယုံကြည်တယ်
အချစ်ကပေးလာတဲ့အရာကတော့ ဖောက်ပြန်ခြင်းတဲ့
ချစ်သူနှစ်ဦးက ရင်းနှီးတဲ့ သူစိမ်းတွေဖြစ်သွားကြတယ်
ကျန်ခဲ့တာတော့ ယူကျုံးမရတဲ့ အတိတ်နဲ့ နာကျင်မှုတွေ
ထားခဲ့တဲ့ ကတိစကားတွေ မျက်စိတမှိတ်မှာ ပျောက်ကွယ်သွားတယ်
ရင်ထဲမှာတော့ သူပြန်လာမယ် ယုံကြည်ချက်နဲ့ စောင့်နေတယ်
ဒဏ်ရာတွေပျောက်မလားလို့ …. ဒါပေမဲ့ မဖြစ်နိုင်တော့ပါဘူး။

အိပ်မရတဲ့ညပေါင်းတွေမှာ ငါရင်နာလိုက်တာ
သတိရတယ် မိုးပေါ်ကကြယ်တွေကို ကြည့်ရင်း
မင်းကော အိပ်ကောင်းရဲ့လား ပျော်နေရဲ့လား
ငါမရှိတဲ့နောက်ပိုင်းမှာ တခြားသူ မင်းကို ဂရုစိုက်ရဲ့လား မင်းကို ငါ့ထက်ချစ်ရဲ့လား
မင်းနဲ့ တွေ့ချင်တယ် မတွေ့ရဲဘူး
ငါ့အသဲတွေ မခံနိုင်တော့ဘူး
မင်းကို ငါသတိမရဖို့ ငါကိုယ့်ကိုကိုယ် အကြိမ်ကြိမ်ပြောတယ်
မင်းမရှိလဲ ငါ့ရဲ့နေ့ရက်တွေကတော့ ဖြတ်သန်းနေရမှာပဲလေ။
မိုးရွာပြီးသွားရင် နေတော့သာမှာသေချာပါတယ်။

အချစ်တမျိုးရှိတယ် ……. အချစ်တဲ့
တူညီတဲ့ ရင်ခုန်မှု တူညီတဲ့ စိတ်ကူး
မြင်တွေ့ရုံနဲ့ ပျော်တယ် မခွဲချင်ဘူး။
ထားသွားမှာကို စိုးရိမ်တယ်
သူကတော့ မှော်ဆရာလို ညှို့ထားနိုင်စွမ်းရှိတယ်
သူ့ကို ပျော်ရွှင်တာတွေပဲပေးချင်တယ်
သူ့ကို ပိုင်ဆိုင်ချင်တယ်
သူနဲ့ နှစ်ယောက်ထဲရှိတဲ့ကမ္ဘာကို ထွက်သွားချင်တယ်……………….
ရေးသားသူ-novemberpearl

No comments:

Post a Comment