Friday, January 8, 2010

ဒီလိုပုံပြင်လေးတစ်ပုဒ်ရှိပါတယ်

တစ်ခါက အရမ်းချစ်ကြတဲ့ အတွဲတစ်တွဲမှာ ကောင်မလေးက Paris မြို့ကိုအရမ်းရောက်ချင်တယ်။
ကောင်လေးက ပို့ပေးနိုင်တဲ့ အစွမ်းအစမရှိဘူး ကောင်မလေးကိုသူမဖြည့်ဆည်းပေးနိုင်ဘူး…. ကောင်မလေးရဲ့မွေးနေ့မှာ ခေါက်ထားတဲ့ငှက်တစ်ထောင်ကိုပေးတယ်……..
ရုတ်တရက် ကောင်မလေးက “ငါတို့လမ်းခွဲကြရအောင်။ ငါ့ကို Paris ပို့ပေးနိုင်မဲ့သူငါတွေ့ပြီ…ငါလိုက်သွားတော့မယ်…နင်နဲ့တွဲနေရင်ရောက်မှာမဟုတ်တော့ဘူး”
ကောင်လေးစိတ်အရမ်းထိခိုက်သွားတယ်….အလုပ်တွေအရမ်းကြိုးစားတယ်….ဒီလိုနဲ့ Manager ရာထူးကို ရချိန်မှာ ကောင်မလေးကို သွားကြွားမယ်ဆိုတဲ့စိတ်နဲ့ ကောင်မလေးဆီကိုထွက်လာခဲ့တယ်…
ကောင်မလေးအိမ်ကိုရောက်မှ
ကောင်မလေးရဲ့ဓါတ်ပုံကိုအမှတ်တရအနေနဲ့ချိတ်ဆွဲထားတာတွေ့လိုက်တော့
ကောင်မလေးရဲ့မိဘတွေပြောလို့ သူနားလည်သွားတယ်….
ကောင်မလေးမရှိတော့ဘူး….
ကင်ဆာနဲ့ ဆုံးသွားပြီ…………….
ကောင်မလေးက ဘာကြောင့်ဒီလိုပြောင်းလဲလာရတာလဲဆိုတာကိုမရှာဖွေခဲ့တဲ့ သူနောင်တရနေပြီ….
သူပေးတဲ့ငှက်တစ်ထောင်လည်းဓါတ်ပုံနားမှာရှိနေတယ်…….
ဘာလို့များခေါင်းမာကြရတာပါလဲ……..
အနီးအနားမှာရှိတဲ့သူကိုတန်ဖိုးထားကြပါ…..
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment