Friday, January 8, 2010

အထီးကျန်အချစ်ပင်လယ်ပြင်

ငယ်ငယ်တုန်းကတည်းက ဒီပင်လယ်ကမ်းနားက စားသောက်ဆိုင်မှာ ကြီးပြင်းလာခဲ့တယ်။
ငယ်တုန်းက စုံတွဲတစ်တွဲကို မြင်ပြီး တော်တော်အားကျခဲ့တယ်။
သူတို့ရဲ့ ကြောပြင်ကိုကြည့်ပြီး ငါကျန်ရစ်ခဲ့တယ်။
၁၈x၂=၃၆
သူ့အသက်က ငါ့ရဲ့နှစ်ဆပေါ့။
ဒါကို ရူးမိုက်မှန်းမသိခဲ့ဘူး။ အချစ်မှာမျက်စိမပါဘူးဆိုတာ ဒါကို ပြောတာလားမသိဘူး။
ပျော်ရွှင်တိုတောင်းတဲ့ သာယာကြည်နူးလှတဲ့ ချစ်သူရည်းစားဘ၀ကို ပိုင်ဆိုင်လိုက်ပါသေးတယ်။
သူနဲ့ ချစ်တာသိပ်မကြာသေးပါဘူး။ သူ့မှာ မိန်းမရှိမှန်းသိသွားတယ်။ ဒါကို ငါဘာမှမပြောခဲ့ပါဘူး။ မပြောရက်ခဲ့လို့ပါ။ သူကတော့ လက်ရှိအချစ်မှာ ရူးမူးနေတယ်။
ငါလဲ ရူးနေပြီလားလို့ တခါတခါခံစားရတယ်။
ဒါပေမဲ့ ချစ်ခဲ့ပြီးပြီးပဲ ဒီအချစ်အတွက်ပေးဆပ်ရတော့ မှာပေါ့။ ချစ်ပြီးရင် မမုန်းပါဘူး။
အရမ်းရင်းနှီးတဲ့ သူစိမ်းလဲ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် ငါ မျက်စိစုံမှိက်ပြီး သူ့ကိုဆက်ချစ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကံမကောင်းပါဘူး…………..
သူက ဒီပင်လယ်ကမ်းဆပ်နားကမြို့မှာ အလုပ်တာဝန်ကျလို့လာတာပါ။
တနေ့ သူ့မိန်းမ အိမ်ကိုပြန်ဖို့ သူ့ကို လာခေါ်တယ်။
သူလိုက်သွားတယ် နှုတ်မဆက်ပဲ….. သူသွားတယ်။
သူငါ့နားမှာမရှိတော့ဘူး။
သူပြန်လာမလားလို့ ဆိုပြီး ငါအဲဒီနေရာကမရွေ့ခဲ့ဘူး။
သူ့ကိုချစ်ခဲ့လို့ ငါနောင်တမရပေမဲ့ ငါချစ်မိသွားအောင် သူမလုပ်သင့်ဘူး။
သူ့ပြန်လာမဲ့နေ့ကို စောင့်မျှော်နေခဲ့တယ်။ ဒါပေမဲ့ စောင့်မျှော်ရတာဟာ တော်တော်မောလှပါတယ်။ ဒီလိုနဲ့ ငါ အားလုံးကို ရပ်နားပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ငါ့ရဲ့နာကျင်မှုတွေ၊ သူ့ဇနီးရဲ့ ခံစားချက်တွေ၊ သူ့ရဲ့ မရေမရာတဲ့ ဆုံးဖြတ်ချက်တွေကို ပေါ့။ ဘာလို့သူမပြတ်သားတာလဲ။ ဒီလိုဖြစ်လာမယ်ဆိုတာ သူသိတယ်မလား….. ဘာလို့…..????
ငါလိုချင်တာနာကျင်မှုတွေမဟုတ်ပါဘူး။
ငါလိုချင်ခဲ့တာ သူနဲ့ငါဘယ်တော့မှမခွဲမခွါ ဒီဘ၀ခရီးဆုံးထိလျှောက်လှမ်းဖို့ပါ။ ခုတော့ သူသိပါ့မလား။
>>>>>>>>>>>
ကောင်မလေး ပင်လယ်ထဲမှာ အဆုံးစီရင်ခဲ့တယ်။
ချစ်တိုင်းလဲမညှား ဆိုတဲ့ စကားကြောင့်လားမသိဘူး ကောင်မလေးမရှိတော့တဲ့ နောက်ရက်မှာ ကောင်လေးပြန်လာခဲ့ပါတယ်။ ကောင်မလေးမသိလိုက်ရဘူး။ နောက်တခု ကောင်မလေးမသိလိုက်ရတာကတော့ သူငယ်ငယ်တုန်းက အားကျခဲ့တဲ့ ချစ်သူစုံတွဲက ခု သူသိပ်ချစ်ရတဲ့ ကောင်လေးပါပဲ။
ချစ်သူတိုင်း အချစ်ခရီးလမ်းကို ဆုံးခန်းတိုင်အောင်လျှောက်နိုင်ပြီး ပျော်ရွှင်နိုင်ကြပါစေ။
နိုဝင်ဘာပုလ

No comments:

Post a Comment