Friday, January 15, 2010

မထားခဲ့ပါဘူး

လွန်ခဲ့တဲ့နှစ် ၄၀ လောက် ပေကျင်းကျောင်းက ချစ်သူစုံတွဲ စစ်ပွဲကြောင့် ကောင်မလေးက ထိုင်ဝမ်ကိုရောက်သွားခဲ့တယ်….
ကောင်မလေးကိုကောင်လေး စောင့်နေခဲ့တယ်… ကောင်မလေးပြန်လာမဲ့ရက်ကို ကောင်မလေးမတွေ့မှာစိုးလို့ ကျောင်းစာကြည့်တိုက်မှာ အလုပ်လုပ်ရင်း စောင့်နေခဲ့တယ်
ဒီအချစ်ဇာတ်လမ်းလေးက ဘယ်လောက်ပဲ ဝေးနေပါစေ အချိန်ဘယ်လောက်ပဲဝေးကွာပါစေ နက်နဲစစ်မှန်လှတဲ့အချစ်စစ်ကို အချိန်ကမကုစားနိုင်ခဲ့ပါဘူး အစားမထိုးနိုင်ခဲ့ပါဘူး
ငါမင်းကို ချစ်ပါတယ် ဆိုတဲ့စကားကို ယခုလက်ရှိမှာ ငါမပြောလိုက်ရရင် ဒီတသက်အခွင့်အရေးရှိပါ့မလား
ငါမင်းကိုစောင့်နေပါမယ်လို့ ကောင်မလေးကိုပြောခဲ့တဲ့စကားတစ်ခွန်းကတော့ နှစ် ၄၀ တိုင်အောင် စောင့်နေခဲ့တယ်….
ဒီလိုနဲ့ နှစ်၄၀ပြီးနောက် အဘွားအိုက ပေကျင်းကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်….. နောက်ဆုံးအချိန်မှာ ကိုယ့်ရပ်တည်ချက်နဲ့ကို လုပ်ဖို့စဉ်းစားခဲ့တယ်… အပြင်လူတွေကကြည့်မယ်ဆိုရင် ဒီလောက်အသက်အရွယ်မှာ ပြန်ဆုံကြမယ်ဆိုတာ မဖြစ်နိုင်တော့ပါဘူး… ဒါပေမဲ့ တကယ်ချစ်ပြီး သံယောဇဉ်ရှိတဲ့ သူတို့နှစ်ယောက်ရဲ့ ရင်ထဲကရင်းနှီးမှုကို မစိမ်းကားစေခဲ့ပါဘူး…. လောကဓံတရားကို မလွန်ဆန်နိုင်တာပါ…..
အဘွားအို ကျောင်းထဲကိုဝင်ပြီး သူရဲ့အတိတ်ကို ပြန်တွေးရင်း နေရာဟောင်းလေးတွေကို ဖြတ်သန်းရင်း စာကြည့်တိုက်ဖက်ကို ဦးတည်လာခဲ့တယ်…
စာကြည့်တိုက်ကို ၀င်လိုက်တာနဲ့ ရင်းနှီးတဲ့ကျောပြင်ဟာ သူ့ကိုနွေးထွေးစွာကြိုဆိုနေခဲ့တယ်..
အဘိုးကြီးလှည့်ကြည့်လိုက်တယ်အချိန်မှာ ဘာအကြောင်းပြချက်မျှမလို မျက်ဝန်းနှင့် စကားပြောပြီး မျက်ရည်စက်တွေကျလာတာဟာ သူတို့ရဲ့ နှစ် ၄၀ ချစ်သက်သေတည်ပြီး အပြုံးတွေက ကြည်နူးစေပါတယ်…
ဒီ နှစ်၄၀ဆိုတာဟာ သူတို့ရဲ့ရင်ထဲနှလုံးသားထဲမှာ အတားအဆီးမရှိ ချစ်မြတ်နိုးကြတယ်ဆိုတာ အိုမင်းသွားတဲ့ရုပ်ရည်တွေက သက်သေပါပဲ…
ဘာမှမပြောကြပဲ သူတို့ လက်ကိုတွဲပြီး ကျောင်းဆောင်ရဲ့လှေခါးကို ငယ်တုန်းကလို အတူတူ ခြေလှမ်းခဲ့တယ်… ကျောင်းဝန်းထဲမှာ ကျောင်းသားဘ၀တုန်းက လှမ်းခဲ့တယ်နေရာ သွားခဲ့တဲ့နေရာ နေနေကျနေရာတွေဟာ မနေ့ကလာထားတဲ့အတိုင်း ရင်းနှီးနေပါတယ်………………..
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment