မင်းဘယ်သူလဲဆိုတာငါမသိဘူး။ ငါဘယ်သူလဲဆိုတာကိုမင်းမသိသလိုပေါ့။ ဒါဟာ လျှို့ဝှက်ဆန်းကြယ်လှပါတယ်… ဒါပေမဲ့ ငါယုံကြည်တယ်……
ငါရေးထားတာလေးကိုမင်းတွေ့ရင် ငါကျေနပ်ပါပြီ။ ဒီလမ်းတလျှောက်မျာ ငါကိုယ့်ကို သံသယ၀င်တယ်… မင်းကိုကော တွေ့နိုင်ခွင့်ရှိသေးလားလို့….. ကံကြမ္မာကလူကိုလှည့်စားလွန်းတယ်…. တချို့တချို့ကိုငါနားလည်ခဲ့တယ်.. ဒီလိုနဲ့ ငါရွေးချယ်တက်လာတယ်… ငါတို့တွေက ဒဏ်ရာကိုယ်စီနဲ့ပါ….. ပင်ပန်းနွမ်းနယ်နေတဲ့စိတ်နဲ့……….. ဒါပေမဲ့ ငါဖြတ်သန်းလာရတဲ့အရာတွေ အတိတ်တွေကို ငါမနာကျင်နေပါဘူး…. ငါကျေးဇူးတင်နေတယ်… ဒါမှ အခုလို ငါဆိုတဲ့ ငါဖြစ်နေလို့ပါ… ငါဆိုတဲ့ငါဖြစ်နေလို့ မင်းရဲ့အချစ်ကိုရရှိတယ်..မင်းရဲ့အချစ်ကိုနားလည်လို့ရနေတယ်… ကံကြမ္မာကဖန်တီးလိုက်တဲ့ မင်းချစ်မဲ့ ငါ့ပုံစံပါ..
ငါမင်းကိုချစ်တာ မင်းကဘယ်သူဖြစ်နေတဲ့အတွက်ကြောင့်မဟုတ်ပါဘူး မင်းရှေ့မှာ ငါကဘယ်သူလဲဆိုတာကို သိနိုင်လို့ပါ။
အချစ်ဆုံးရယ် ငါဟာပြီးပြည့်စုံနေတဲ့သူမဟုတ်ပါဘူး…. ငါလဲပြည့်စုံအောင်ကြိုးစားနေတဲ့သူပါ။ ဒီလိုကြိုးစားတဲ့လမ်းပေါ်မှာ ငါအတ္တတွေက တခြားသူအပေါ် ငါ့ကိုယ့်ကိုငါ လွမ်းမိုးနေလိမ့်မယ်။ ငါလိုချင်တဲ့အရာတွေ တက်မက်ခဲ့တာတွေက ပကာဒနတွေပါ… အခွံသာရှိပြီး အနှစ်မရှိပါဘူး… ငါဆိုတဲ့ငါဖြစ်လာချိန်မှာ ငါနားလည်လာတယ်။ ငါပျော်ရွှင်မှုကိုရှာဖွေလာတယ်…. ရင်ထဲကသံစဉ်တွေအတိုင်း ငါ ဖြတ်သန်းနိုင်လာတယ်….
ငါတို့ရဲ့အနာဂတ်အတွက် ငါစိတ်ကူးခဲ့တယ်… ငါနှစ်သက်တဲ့နေထိုင်မှုပုံစံ…အားလုံးအားလုံးသောအရာတွေကို ချိုမြိန်တဲ့ ပြည့်စုံတဲ့ တစိတ်တဒေသဖြစ်အောင် ငါလုပ်မယ်လို့ငါကြံစည်ခဲ့တယ်… မြက်ပင်လေးပေါ်က နှင်းစက်လေးကိုခံစားမယ် ညနေဆည်းဆာအချိန်မှာ ဒီမရိုးနိုင်တဲ့လက်ကိုတွဲပြီးလမ်းလျှောက်မယ်… ရိုးရှင်းစွာနဲ့ပဲ ချစ်သွားချင်တယ်….. မင်းနဲ့နေနေရတဲ့အချိန်ကို ငါဘယ်လိုတန်ဖိုးထားတယ်ဆိုတာ ဒီစာသားတွေကသက်သေဆိုတာထက် မင်းနှလုံးသားကအဖြေက ဒီသက်သေတွေမလိုဘူးလို့ပြောမိမယ်ထင်ပါတယ်…..
ငါတို့တွေ တခါတလေ စိတ်ကောက်တာ စိတ်အလိုမကျတာ စိတ်ခုနေတာလေးတွေတော့ ရှောင်လွဲမရဘူးလို့ထင်ပါတယ်…. ချစ်တာနက်နဲရင်နက်နဲသလောက် စိတ်ထဲမှာ ရှိမယ်ထင်တယ်… စိတ်ထဲမှာရှိနေလို့ ထိခိုက်ခံစားရမယ်… ငါတို့ရဲ့အတိတ်က ဒီလိုအချိန်မှာ ကုစားနိုင်မယ်…. ငါတို့တွေ တယောက်ကိုတယောက်နာကျင်ခံစားရအောင်လုပ်မိမယ်ဆိုရင် ငါတို့ရဲ့လှပတဲ့အတိတ်ကို သတိရပေးပါ… တခါတလေမှာ အချစ်ကထိရုံနဲ့ပွန်းပဲ့လွယ်လွန်းတယ်…. ငါတို့ရဲ့မာနကို ပထမမှာမထားဖို့ပါပဲ….. တယောက်ကိုတယောက် လမ်းဖွင့်ပေးလိုက်ပြီး ခွင့်လွတ်ကျေနပ်တဲ့ပွေ့ပိုက်မှုနဲ့ ငါတို့တွေကျင့်ကြံရအောင်..
အချစ်…. ကြီးမားလိုက်တာ…. ဘယ်လောက်ကြီးမားလဲဆိုတော့… နစ်နာမှုတွေ၊ ပျော်ရွှင်မှုတွေ ထည့်တာတောင် ထပ်ထည့်လို့ရသေးတယ်။
အချစ်…. သေးငယ်လိုက်တာ…..သေးငယ်တာမှ အသက်ရှူလို့တောင်မရဘူး။ တခဏအတွင်း ပျောက်ကွယ်သွားနိုင်တယ်။
ဒါမှ ငါတို့အတွက် ဘေးစကားတွေ ဘေးကအနှောက်အယှက်တွေကို တားဆီးနိုင်မှာ ကာကွယ်နိုင်မှာ…
ကောင်မလေးတယောက်ကို ချစ်တယ်။ ချစ်တဲ့အတွက် သူပျော်ရာကို သွားလိုရာကို ခွင့်ပြုတာထက် သူပျော်အောင်ထားဖို့ သင်ကြိုးစားရင် ပိုမကောင်းဘူးလား။
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ
Friday, January 15, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment