Friday, January 15, 2010

ဒီဘ၀မှာ ဒီတခါတော့ငါ့ခံစားချက်နဲ့ငါလျှောက်ချင်တယ်

ဒီတစ်ခါ ငါ့ဘ၀အားလုံးကို မင်းကိုပေးမယ်
ဒီတစ်ခါ နှလုံးသားတွေကြေမွသွားပါစေ
ဒီတစ်ခါ ရဲဝံ့စွာ ရင်ဆိုင်မယ်….
ဒီတစ်ခါ ငါ ဘာမှအရေးမလုပ်တော့ဘူး….. ဒီတစ်ခါဆိုရင် လုံလောက်ပါပြီ…. တစ်ခါဆိုတဲ့ လေးနက်တဲ့အချစ်ဆိုတာ နှစ်ခါမလာပါဘူး……
မင်းအတွက်နဲ့ ငါ့မာန… ငါ့ဘေးနားကသူတွေအားလုံးကို ငါဘေးဖယ်လိုက်တယ် … ငါမင်းကို ချစ်တာ ဘယ်လောက်ပြန်ရတာကို ငါမကြည့်ဘူး….. ဘယ်လောက်ပဲ ငါဟာ အရင်က ငါမဟုတ်တဲ့ သနားစဖွယ် ငါ ဖြစ်နေပါစေ….
ငါမင်းကို ချစ်မိပြီးကတည်းက ငါ မေ့လို့မရတော့ပါဘူး…
တသက်မှာ တခါတော့ တယောက်သောသူအတွက် ကိုယ့်ကိုကိုယ့် မေ့လိုက်ချင်တယ်… သူ့အတွက်နဲ့ရှင်သန်နေချင်တယ်.. ဘာကိုမှ ငါမမျှော်မှန်းပါဘူး…. ထာဝရလက်တွဲဖို့ ငါမင်းကို တွေ့ခဲ့ရတာကို ငါကျေနပ်ပါတယ်….
ငါရင်ထဲကို မင်းကို ထည့်လိုက်ပြီ…
မင်းနံမည်လေးခေါ်လိုက်တာနဲ့ ငါမကြောက်တော့ဘူးးးးး ငါသတ္တိရှိလာတယ်… စိတ်ဓါတ်ကြံ့ခိုင်လာတယ်… ငါဟာအနှိုင်းမဲ့မေတ္တာတစ်ခုနဲ့ ငါသစ္စာရှိစွာမင်းကို ချစ်တယ်… ကော်ဖီသောက်ချိန် အွန်လိုင်းတက်ချိန် ကားတိုးစီးရတဲ့အချိန် ကိတ်မုန့်ဝယ်တဲ့အချိန် အချစ်သီချင်းတွေ နားထောင်ချိန် အထီးကျန်တဲ့အချိန် ဖုန်းလေးမြည်လာတဲ့အချိန် …. ငါအရမ်းသတိရတယ်…
ငါမင်းအတွက် မျက်ရည်တွေကျနေပေမဲ့ ငါဘာမှမဖြစ်ဘူးလို့ပြောခဲ့တယ်… မင်းအတွက် နားထောင်တဲ့သီချင်းတွေ မင်းအတွက်ရေးတဲ့ အချစ်အကြောင်းတွေ မင်းလျှောက်တဲ့လမ်းကို လိုက်လျှောက်မယ် မင်းအတွက်အရေးကြီးပါတယ်ဆိုတဲ့ သူတွေကို ငါသိကျွမ်းချင်တယ်… ငါအလေးထားချင်တယ်….
ငါ ဘာမဆိုမင်းနဲ့အတူရှိချင်တယ်… မင်းနဲ့ ကမ္ဘာပတ်ချင်တယ်…. ဟာဝါရီကျွန်း၊ ဂရိ၊ နဂါးငွေ့တန်းတွေကို အတူတူသွားကြည့်ချင်တယ်……
မင်းခြားထားတဲ့စည်းကို ငါမကျော်ရဲဘူးဖြစ်နေတယ်… ငါအမှန်အတိုင်းပြောရရင် ငါနယ်ကျော်ချင်တယ်… ငါမင်းရဲ့အရင်းနှီးဆုံးသူဖြစ်ချင်လို့ပါ… မင်းလေးငါ့ကို စွန့်သွားမှာ စိတ်ရှုပ်သွားမှာစိုးလို့ ငါ အံကြိတ်ပြီးနေနေတယ်… မင်းနားမှာငါရှိနေရင် ငါငြိမ်သက်စွာနဲ့ မင်းကိုငါကြည်နူးမှုတွေပေးဆပ်နေမှာပါ…
ငါထက်မင်းကို ပိုချစ်နိုင်မဲ့သူ မရှိတော့ပါဘူးးးး မင်းစိတ်ညစ်တဲ့အချိန်ဆိုရင် ငါမင်းထက်ပိုစိတ်ညစ်တယ် မင်းကိုတော့ ငါပျော်အောင် စိတ်ပြေပျောက်အောင် ငါဘာလုပ်ပေးရမလဲဆိုတာ စဉ်းစားတယ်…. မင်းအနားမှာ မင်းအနားကနေ မခွဲမခွါရှိနေမဲ့ ငါရှိတယ်ဆိုတာသိရင်ရပါပြီ…
ငါဟာမင်းဘ၀အတွက် သေးငယ်တဲ့နေရာကနေ နေနေရပါစေ… မင်းအတွက် အလင်းရောင်လေးပေးနိုင်တဲ့ နွေးထွေးမှုတွေပေးနိုင်တဲ့ ငါဖြစ်ချင်တယ်… ငါအားတင်းပြီးပြောချင်တယ်… မင်းကိုငါအထီးမကျန်စေပါဘူးလို့..
မင်းထွက်သွားနေပါစေ… ငါကတော့ မင်းကိုစောင့်နေမယ်… မင်းငါ့ဆီပြန်လာမယ်ဆိုရင်လဲ ငါ အရင်က နေရာဟောင်းမှာ တယောက်တည်းစောင့်နေပါတယ်…
မင်းကိုငါချစ်တယ် ဆိုတာမင်းသိလား… မင်းအတွက် ငါငိုမယ် ငါရယ်မယ် ငါရူးမယ် ငါသတ္တိရှိမယ် ငါစိတ်ဓါတ်ကြံ့ခိုင်မယ်… ဒါမှ ငါတို့အချစ် ခိုင်မြဲမှာ …. ငါ လွယ်လွယ်နဲ့တော့ အရှုံးမပေးဘူးးးးးးးးးးးး
မင်းဟာ ငါရဲ့ရင်ဘက်ထဲကို ၀င်ရောက်သွားတဲ့ အလင်းတန်းဖြစ်သလို ငါဝမ်းနည်းအောင်လုပ်နိုင်တဲ့ ဇစ်မြစ်ဖြစ်တယ်… ငါတို့ တသက်လုံးမခွဲတန်း ချစ်ကြရအောင်လား……….
မင်းသာလက်ခံမယ် ရဲဝံ့မယ်ဆိုရင် ငါရင်ဆိုင်ဖို့အသင့်ပါ…. မင်းဘာကို စောင့်နေတာလဲ ငါ့အချစ်ကိုမယုံတာလား…. မင်းချစ်တယ်ဆိုရင် ချစ်တယ်ဆိုတာနဲ့တင် ရင်ဆိုင်နိုင်ပါတယ်…….
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment