Friday, January 8, 2010

လက်လွတ်ခြင်းသည်လည်းခွင့်လွတ်ခြင်းတစ်မျိုး

လူတစ်ယောက်ဟာ ခွင့်မလွတ်တတ်ရင် မရင့်ကျက်ပါဘူး။ ဒီအောင်မြင်မှုတွေထဲမှာလည်း သည်းခံခြင်းဟာအဓိကပါ။
တစ်ခါတစ်လေမှာ လက်လွတ်ခြင်းဟာ ဒေါသ၊ ခလဲ့စားချေမှု တွေကို လက်လွတ်ရတာပါ။
ဥာဏ်ပညာရှိတဲ့လူတွေက ဖြေရှင်းခြင်းကိုပြောဖို့ လက်လွတ်ထားကြတယ်။ ဖြေရှင်းတယ်ဆိုတာ တစ်ခုခုကိုဖုန်းကွယ်ထားတာပါ။ ဖြေရှင်းချက်ကို မလိုအပ်ပါဘူး။ ရန်သူတွေက သင့်ရဲ့ ဖြေရှင်းချက်ကိုမယုံဘူး။ သူငယ်ချင်းဆိုရင် ဖြေရှင်းစရာမလိုပါဘူး။ အရာရာတိုင်းကို ဖြေရှင်းနေစရာမလိုပါဘူး။ မိုးအုပ်နေသေးတယ်ဆိုတာ မိုးကုန်အောင်မရွာရသေးလို့ပါ။
အောင်မြင်တဲ့သူကအပြစ်ပြောခံရတာကိုမကြောက်ပါဘူး။ သင်ကသာအလုပ်လုပ်မယ်ဆိုရင် အမှားကတော့ရှိနေမှာပါ။ လူအများနဲ့ ဆက်ဆံရမယ်။ လူအများရဲ့စိတ်ကိုသင်ကျေနပ်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အမှန်တော့ ၅၀ ရာခိုင်နှုန်းလောက် သင့်ကိုထောက်ခံရင်ရပါပြီ။ ရာနှုန်းပြည့် ပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ ကြံ့ခိုင်လာအောင် သင့်ကို ဆန့်ကျင်တဲ့ သူတွေရဲ့အမြင်ကို သင်တွန်းလှန်နိုင်ရမယ်။ မငြိုငြင်ပါနဲ့။ သူ့ရဲ့အမြင်တွေကရှိနေမှာပါ ဒါသူ့ရဲ့လွတ်လပ်မှုပါ။ ဒါကြောင့် ဒီအတွက်နဲ့ သင်ပင်ပန်းမနေပါနဲ့။ သင်ရဲ့ လမ်းကို သင်မှန်အောင် ဖြောင့်အောင် လျှောက်သွားပါ။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment