Friday, January 8, 2010

ချစ်တာနဲ့ကြိုက်တာ

ချစ်တာနဲ့ကြိုက်တာမတူပါဘူး
အားလုံးကို ကြိုက်လို့ရပေမဲ့ ချစ်ဖို့တော့ ခက်လိုက်မယ်။ သူငယ်ချင်းကို ကြိုက်တယ် သဘောကျတယ်။ အဆိုတော် စတားတွေကို ကြိုက်တယ်။ သရုပ်ဆောင်တွေကို ကြိုက်တယ်။ အများကြီးကို ကြိုက်လို့ရပါတယ်။
လူတစ်ယောက်ကိုကြိုက်မိတယ်ဆိုတာ သင် သူ့နဲ့ အတူနေရတာကို သင် အရမ်းပျော်တယ်။ ခွဲခွါသွားတဲ့အချိန်မှာဆိုရင် စဉ်းစားရင်း သင်ပြုံးနေမယ်။ ပြီးရင်တော့ သင်ရဲ့ တနေ့တာလုပ်ဆောင်ချက်တွေကို သင်ပုံမှန်ဆက်လုပ်သွားမယ်။ နောက်တစ်ခါတွေ့ဖို့ သင်မျှော်လင့်နေမယ်။
သင်တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင်တော့ သူ့အနားမှာနေချင်မယ်။ သူကိုဂရုစိုက်ချင်တယ်။ အမျိုးမျိုးတွေးပြီး ပူ ပေးနေမယ်။ ခဏတာခွဲခွါတာဆိုရင်တောင်မှ သူဘာများလုပ်နေလဲ သူအဆင်ပြေရဲ့လား ဆိုပြီး သင်တွေးနေအုံးမယ်။ သူအနားကိုရောက်ဖို့ သင်ကြိုးစားနေမယ်။
သင်ကြိုက်တဲ့သူဆိုရင် Angel နဲ့တူမယ် သင်ရဲ့တောင်းဆိုမှုတွေကို သူအားလုံးလုပ်ပေးနေမယ်။
သင်ချစ်တဲ့သူဆိုရင် ကလေးနဲ့တူမယ် သူသင့်အတွက်ဘာမှမလုပ်ပေးနိုင်တဲ့ကလေးတစ်ယောက်လိုပေါ့။ သူရဲ့ကလေးဆန်တဲ့ အပြုအမူတွေပေါ်သင်ကြည်နူးနေမယ်။
သင်ကြိုက်တဲ့သူ သင်ကသဘောကျနေတဲ့သူက သင့် ကိုထိခိုက်နာကျင်စေရင် သင်စိတ်ဆိုးမယ်။ သူချော့မှ သင်စိတ်ဆိုးပြေမယ်။
သင်ချစ်တဲ့သူက သင့်ကို ဒဏ်ရာတွေပေးနေရင်တောင် သင်တစ်ယောက်တည်း ခံစားနေမယ်။ သင်အရမ်းစိတ်ဆိုးနေတာကိုတွေ့ရင် သူလန့်သွားမှာစိုးလို့ပါ။
သင်နှစ်သက်တဲ့သူအများကြီးနဲ့ သင်နေ့ရက်တွေကိုဖြတ်သန်းသွားနေတယ်ဆိုပေမဲ့ သင်ချစ်တာ သင့်ရင်ထဲမှာ သူတစ်ယောက်ကလွှဲရင် အခြားဘယ်သူမှမရှိပါဘူး။ သင်မေ့သွားပြီလို့ထင်နေပေမဲ့ ဒါဟာအရမ်းကိုထိန်းချုပ်ပြီးမေ့မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာ သင်ဟာ သင်ရဲ့ အတ္တစိတ်အောက် မာနစိတ်အောက်မှာ ဖုံးကွယိသွားတာပါ။
သင်သဘောကျတယ် သင်နှစ်သက်နေမိပြီ သင်ကြိုက်နေပြီ ဆိုတာ သူ့ရဲ့ ကောင်းတဲ့အချက်တွေကိုပါ။ ပြောရရင် အရမ်းတော်လို့ သင်ထက်ဘယ်နေရာမှာ ထူးချွန်လို့ ဆိုတာတွေနဲ့ သဘောကျနေတာပါ။
ချစ်တယ်ဆိုတာတော့ အားနည်းချက်ကိုသတိထားမိလို့ပါ။ သင့်ရဲ့ အားနည်းချက်ကို သူလက်ခံပြီး သင့်ရဲ့ မျက်စိထဲမှာ သူဟာ ချစ်စရာကို ကောင်းနေပါတယ်။ ဟိုဟာ ဒီဟာ အားလုံးကို မလုပ်တတ်နေရင်တောင် သင်က သူ့ရှေ့ကနေ သူအားကိုးရလောက်တဲ့ သူအဖြစ်နဲ့ သင်ရှိနေမယ်။
ကြိုက်တာနဲ့ ချစ်တာဟာ မိုင်ပေါင်းများစွာကွားဝေးတယ်လို့ ပြောလို့ရသလို စာရွက်တစ်ရွက်သာခြားတရ်လို့လဲပြောလို့ရပါတယ်။
သဘောကျနေရင်းနဲ့ ချစ်မိသွားခဲ့ရင် သူဟာ angel မဟုတ်တော့ပါဘူး။ အဲဒီအချိန်ကျရင် သင်အစကထင်ခဲ့တဲ့ တော်တယ် ထူးချွန်တယ်ဆိုတာတွေလည်း ပျောက်ကုန်ပြီး သူ့အားနည်းချက်တွေချည်းသင်မြင်လာမယ်။ သင်လည်း သူ့ကိုဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါပဲ။ အဆင်သင့်မဟုတ်ရင်တော့ သင်က သဘောကျရုံတင်ပါ။
လူတစ်ယောက်ကို ချစ်တာဟာ ကမ္ဘာတစ်ပတ်ကိုပတ်တာထက်မောတယ်လို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ သင်က သူ့ကိုယ်စားအားလုံးကို ထမ်းဆောင်ပေးချင်တယ်။ သူအားကိုးအားထားနေတာကို သင်ကြည်နူးနေတယ် သာယာနေမယ်။ ဒါဟာလည်း ချိုမြိန်တဲ့ပေးဆပ်မှုပါ။
ရှင်းရှင်းပြောရရင် သင်လူတစ်ယောက်ကို ချစ်မိရင် သူ့အနားမှာ သင်နေရတာဟာ သင်အိမ်ပြန်ရောက်တာနဲ့တူပါတယ်။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment