Friday, January 15, 2010

လိမ်တာတော့လိမ်ပေါ့

White Lie ဆိုတာ လိမ်သင့်ပါတယ်……
White Lie ဆိုတဲ့သဘောက တယောက်ယောက်ကို မထိခိုက်စေချင်လို့ မနာကျင်စေလို့ လိမ်တာပါ………
ဒါပေမဲ့………… ထိခိုက်စေအောင် နာကျင်စေအောင် လိမ်တာက………
လိမ်တယ်ဆိုတဲ့ နေရာမှာ လိမ်ပြောတဲ့သူ ကိုလဲမရွှံမုန်းပါဘူး။
မသိလိုက်ရတဲ့ တကယ့်အဖြစ်မှန်ကိုလဲ မတောင်းတပါဘူး။
လိမ်လည်တဲ့နောက်ဆုံးမှာတော့ တယောက်ယောက်တော့ ဒဏ်ရာတွေ နာကျင်မှုတွေနဲ့ ပြည့်နက်နေမှာ သေချာတယ်။
လိမ်နေတယ်လို့ သိရင် အားလုံးစိတ်ဆိုးကြမယ်။
လိမ်ခံလိုက်ရတာကို မကျေမနပ်ဖြစ်နေမှာပဲ။
ဒီလို လူတယောက်ကို နာကျင်အောင် လုပ်မယ့်အစား အစကတည်းက အဖြစ်မှန်တွေကို မဖုန်းကွယ်ရင် သူ့ရဲ့နာကျင်မှုတွေက နာတော့နာကျင်မယ် လိမ်လည်မှုကြောင့် နာကျင်တာလောက်တော့ ဘယ်ဆိုးပါ့မလဲ။
လူတယောက်ကို ခွင့်လွတ်တယ်ဆိုတာ မလွယ်ကူလှပါဘူး။
ငါကတော့ မေ့နိုင်အောင် ကြိုးစားတယ်…ဒီလိုကြိုးစားရင်းနဲ့ အရာရာတိုင်းကို မေ့တက်လာသလိုပဲ…..
လူတိုင်းလဲ ကံအမြဲကောင်းနေတာမဟုတ်ပါဘူး….
လူတယောက်ရဲ့ ခွင့်လွတ်မှုကို ရယူပြီး အစကနေပြန်လျှောက်နိုင်တယ် ဆိုတာကလဲ အကြိမ်တိုင်းမဖြစ်နိုင်ပါဘူး။
သင် ……. သင်ရဲ့လုပ်ရပ်တွေကြောင့် သင်နောင်တရဖူးလား၊ နှမြောဖူးလား၊ ရက်စက်တဲ့သူတစ်ယောက်လို့ရော သင်ထင်မိလား။
မလိမ်မညာဘူးဆိုတာ တယောက်ကိုတယောက် လေးစားတာပါ….
သင် လူတယောက်ကို လေးစားမြတ်နိုးတတ်လား…..
သင့်ကိုချစ်တဲ့သူ ကို……….
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment