Friday, January 8, 2010

ငွေ ၄၀၀၀

ညနေစာအတူစားနေချိန် ကောင်မလေးက သူ့ရည်းစားကို `ငါ့ကိုချစ်လား´
ကောင်လေး တချက်ကြည့်လိုက်ပြီး ဆက်စားနေတယ်။
ကောင်မလေးအရမ်းစိတ်ဆိုးပြီး ထပ်မေးတယ်။
ကောင်လေးစိတ်မရှည်စွာနဲ့ `ချစ်တယ်´ လို့ပြန်ဖြေတယ်။
ဘယ်လိုသက်သေပြမလဲလို့မေးတယ်။
ရုတ်တရက် ကောင်လေး ငွေ ၃၀၀၀ ထုတ်လိုက်တယ် ကောင်မလေးကို ၁၀၀၀ ထုတ်ခိုင်းတယ်။
ကောင်မလေးလဲထုတ်ပေးလိုက်တယ်။
ကောင်လေး ငွေ ၄၀၀၀ ကို စားပွဲပေါ်တင်လိုက်တယ်။ ခဏကြာတော့ ကောင်မလေး စောင့်နေရတာစိတ်မရှည်တော့ သက်သေမပြဘူးလား လို့ မေးပြန်တယ်။
ကောင်လေးက `သက်သေပြပြီးပြီလေ။ ဒီမှာ ငွေ ၄၀၀၀´
ဒါလေးကို စာဖတ်သူတို့ သဘောပေါက်မယ်ထင်တယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ် ဆိုပေမဲ့ ကောင်မလေးရဲ့အချစ်ကို ကောင်လေးလဲ ရယူချင်တယ်။ အချစ်မှာ အပေးနဲ့အယူပေါ့။ ထပ်ပြီး တွေးရင် ကိုယ်ကမေးနေမဲ့အစား ကိုယ့်ဘက်ကချစ်ပြလိုက်ရင် သူ့ဘက်ကဒီထက်မက ပိုချစ်လာလိမ့်မယ်။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment