Friday, January 8, 2010

အမှန်တရား before getting married vs. after getting married

အရင်တုန်းကတော့ အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ။
အခုတော့ ဘယ်နှစ်နှစ်ပေါင်းနိုင်ကြမလဲ။

အစကတော့ မျက်စိကျလို့ ။
နောက်ပိုင်းတော့ မျက်စိရှန်းလို့။

မညားခင်တော့ အချစ်ကဆန်းကြယ်တယ်။
ညားပြီးတော့ အချစ်ကသိပ်ရီရတယ်။

ယောင်္ကျားဖြုန်းတီးတာ မိန်းမပျော်ဖို့အတွက်
မိန်းမဖြုန်းတီးတာ သူ့ကိုပျော်အောင်မထားလို့

ရှေးတုန်းကတော့ တစ်ဘ၀လုံးအတွက်။
ခုခေတ်ကတော့ တစ်ခဏအတွက်။

မညားခင်တုန်းက ယော်ကျာင်္းလေးတွေက စားသောက်ဆိုင်မှာ မိန်းကလေးကိုစောင့်တယ်။
ညားပြီးတော့ မိန်းကလေးတွေက ယောင်္ကျားလေးကို ဧည့်ခန်းမှာထိုင်စောင့်ရတယ်။

မညားခင်တော့ ယောကျာင်္းလေးတွေက မိန်းကလေးတွေကို တိုင်ပင်တယ်။
ညားပြီးတော့ ယောင်္ကျားလေးတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ နားထောင်ရတယ်။

မညားခင်တော့ ပြောလိုက်ရင် အချစ်အကြောင်းပဲ။
ညားပြီးတော့ ပြောလိုက်ရင် လိမ်နေတာပဲ။

အတွဲတွေဘာလုပ်လုပ် ကဗျာဆန်တယ်။
လင်မယားတွေဘာလုပ်လုပ် ဖြုန်းတီးတယ်။

လက်ထက်ချင်တာ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်လို့။
ကွာရှင်းချင်တာ ကလေးတွေက ရပ်တည်နိုင်လာလို့။
မိန်းကလေးတွေရဲ့ မှတ်ညဏ်က ရန်ဖြစ်ရင် အကောင်းဆုံး။
ယောင်္ကျားတွေက လက်ထက်ပြီးရင် ဒေါသက အကြီးဆုံး။

ရည်းစားတုန်းကတော့ နမ်းကြတယ်။
လင်မယားဖြစ်တော့ ရန်ဖြစ်ကြတယ်။

ရည်းစားဘ၀မှာ ဘ၀ဟာ ရွှင်လန်းတက်ကြွနေတာ။
လက်ထက်တော့ ဘ၀ဟာ အမောင်ကမ္ဘာထဲရောက်ရော။

ရည်းစားတုန်းက ကောင်လေးက ကောင်မလေးကို အရိပ်တကြည့်ကြည့်နဲ့။
ယူပြီးသွားတော့ မိန်းမက ယောင်္ကျားကို အရိပ်တကြည့်ကြည့်ပေါ့။

ရည်းစားဘ၀မှာ စကားမရှိစကားရှာပြောတယ်။
ယူပြီးသွားရင်တော့ အကြောင်းရှိတာတောင်မပြောချင်ကြဘူး။

မယူခင်တော့ ကောင်လေးတွေက Follower
ယူပြီးသွားတော့ Leader
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

No comments:

Post a Comment