Friday, January 8, 2010

သော့တံ

သော့ခလောက်အကြီးတစ်ခုဖြင့် ခတ်ထားသော တံခါးကြီးကို သံချောင်းက အားကြိုးမာန်တက် ဖွင့်နေရှာတယ်……….. ဒါပေမဲ့ သံချောင်းကြိုးစားတာ အလကားပါ…. တံခါးမပွင့်ပါဘူး………….
သော့တံလေးလာတယ်….. သူရဲ့သေးငယ်တဲ့သော့တံလေးဟာ တစ်ချက်လှည့်လိုက်တာနဲ့ သော့ခလောက်ကြီး ပွင့်သွားတယ်….
သံချောင်းကထူးဆန်းစွာနဲ့ “ငါဒီလောက်အားကောင်းတာ ဘာလို့မပွင့်ပဲ သေးငယ်တဲ့ သော့တံကခဏတာအတွင်းမှာ့ …”
သော့တံ က “ငါကသူ့ရဲ့အတွင်းစိတ်ကို နားအလည်ဆုံးဖြစ်လို့ပါ”

လူတိုင်းဟာ သော့ခလောက်တစ်ခုလိုပါပဲ ကြီးမားတဲ့သံချောင်းကို အသုံးပြုပြီးဖွင့်မဲ့အစား နားလည်မှုနဲ့ သေးငယ်တဲ့ သော့တံလေးလို ဖွင့်ကြရအောင်လား…………….
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

No comments:

Post a Comment