Friday, January 8, 2010

ချစ်သူကိုမြတ်နိုးပါ ပျော်ရွှင်မှုဟာသင့်နံဘေးမှာပါ

ဒီနေ့ ကျောင်းတက်တာနောက်ဆုံးရက်ပါ… ကျောင်းစောဆင်းလို့ သူ့ဆီကို ဖုန်းဆက်ပေးလိုက်တယ်။
- hello , င့ါကို လာကြို
- ၅ မိနစ်စောင့်။
- ၅ မိနစ် ။ ကျောင်းနဲ့ နင့်အိမ်ကနီးနီးလေကို….
- ဟာ… အ၀တ်လေး လဲပါရစေအုံး…
- အေး… မြန်မြန်နော်….
ဒီလိုနဲ့ နေပြင်းချိန် ၂ နာရီမှာ ကျွန်မ သစ်ပင်အောက်မှာသူ့ကိုစောင့်ခဲ့တယ်….
၅ မိနစ်ကျော်သွားပြီ သူမလာသေးဘူး စောင့်ရတာစိတ်မရှည်တော့ဘူး
၁၀ မိနစ် သူမလာပြန်ဘူး
၁၅ မိနစ် သူနောက်ဆုံးတော့ရောက်လာပြီ။
- ဘာလို့ အဲလောက်နောက်ကျတာတုန်း။
- ဒီလိုပါပဲ။
ကျွန်မ မကျေနပ်တော့ သူ့ကို မျက်စောင်းနဲ့ ကြည့်နေမိတယ်… စကားလဲ ဆက်မပြောတော့ဘူး ဆိုင်ကယ်စီးဦးထုပ်ကိုလည်း မယူဘူး ဒါနဲ့ သူက…
- sorry
ဒါက သူ ပထမအကြိမ်တောင်းပန်ခြင်းပါ သူက ဒီလိုဟိုလို ဆိုပြီး မပြောတတ်ဘူး တောင်းပန်တာလည်းမရှိဘူး ဒါကြောင့် သူ့ကို ခွင့်လွတ်လိုက်တယ်.. သူအိမ်ပြန်ပို့ပေးတယ်….
သူ ဘယ်တော့မှ ရှင်းလင်းချက်တွေမပေးဘူး ရန်လည်းမဖြစ်ဘူး တစ်ခါတစ်ရံ sorry ဆိုတာနဲ့ ပြီးသွားတာမဟုတ်ပါဘူး …. သူတောင်းပန်တိုင်း ခွင့်လွတ်လိုက်တယ်… ကျွန်မက သူပထမတောင်းပန်ခြင်းခံရတဲ့ မိန်းကလေးမို့ပါ….
ဟုတ်ပါတယ် မှားတယ်ဆိုပြီးပြောဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်.. ဒါပေမဲ့ ဒီလိုချည်းပဲလဲ မကောင်းဘူးထင်တယ်… sorry ဆိုပြီး ပြီးသွားသလိုပဲ…. သူ့ကိုအခွင့်အရေးတွေပေးတယ် သူမပြင်ဘူး သူကျွန်မကိုဖက်ပြီး အကြိမ် ၆၀ မြောက် sorry ကိုပြောတယ်… သူတစ်ခုခု ဖုံးကွယ်ထားသလို ခံစားလာရတယ်…
- ခုတလောနင်တမျိုးကြီးပဲ
- ဟုတ်ပါဘူးကွာ..
- နင်ဘာဖြစ်နေလဲ
- ဘာမှဖြစ်ပါဘူး
- ဒီလိုပဲပြောနေတာပဲ ငါစိတ်ပူတာကိုကော နင်သိရဲ့လား နင်ရဲ့ရည်းစားပါ ဆိုတာကို နင်သတ်မှတ်သေးပါတယ်နော်..
- Sorry
- Sorry မပြောနဲ့ မကြားချင်ဘူး
ဆိုပြီး ကျွန်မသူ့ဖုန်းကိုချလိုက်တယ်.. သူပြန်မဆက်လာဘူး သူအရေးမလုပ်ဘူး လမ်းခွဲသင့်ပြီလို့ ထင်လာတယ်… ဒါက အကြိမ် ၉၉ ကြိမ်မြောက် sorry ပြောခြင်းပါ…
အဲဒီနေ့ကနေစပြီး သူကို အဆက်အသွယ်ဖြတ်လိုက်တယ် တစ်ခါတစ်လေတော့ ဘာမှမပြောတဲ့ ဖုန်းတွေတော့ လက်ခံရရှိတယ် … ဒီလိုနဲ့ ဖုန်းချပေါင်းလည်းမနည်းတော့ဘူး ဘာလို့ သူစကားမပြောရတာလဲ? တစ်လပြီးနောက် သူကို သွားရှာဖို့ သူ့ကျောင်းကိုသွားခဲ့တယ် သူကိုမတွေ့ဘူး
- xxx ကို ရှာချင်လို့ပါ
- သူကျောင်းနားလိုက်ပြီ
- ဘာလို့လဲ သိလား။
- တစ်လရှိပြီမလာတာ။
- ဟုတ် ကျေးဇူးပါ။
တစ်လဟုတ်လား ဘာလို့ပါလိမ့် ကျွန်မသူ့ဆီ ဖုန်းဆက်တယ်….. ဖုန်းမကိုင်ဘူး
သူ့အိမ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ် သူရည်းစားအသစ်များရှိနေပြီလား သူဒီကမ္ဘာမှာ လုံးဝပျောက်ကွယ်သွားသလို …. သူကို ရှာလို့မတွေ့ဘူး … သူ့ကိုအရမ်းတွေ့ချင်လာတယ်…. ဖုန်းမြည်လာတယ်.. သူ့ရဲ့ သူငယ်ချင်းဆက်လာတယ်…
- ဟေ့ နင်ဘာလုပ်နေတာတုန်း
- အမ်…
- Xxx ဆေးရုံမှာ
- ဘာ…… သူဘာဖြစ်လဲ
- နင်သွားလိုက်
- အေး ချက်ခြင်းသွားမယ်
အမြန်ဆုံးနှုန်းနဲ့ ဆေးရုံကိုသွားခဲ့တယ် .. ဆေးရုံရောက်တော့ သူ့အမေ ကို တွေ့တယ်.. သူ့အခန်းဆီကို ပြေးခဲ့တယ်
သူ ကုတင်မှာ လဲနေတယ် သူတို့ကိုကြည့်ပြီး စကားမပြော လှုပ်တောင်မလှုပ်ဘူး
- နင်ဘာဖြစ်နေတာလဲ ဘာလို့မပြောရတာလဲ
သူဘာမှပြန်မပြောဘူး ဒီလိုပဲကြည့်နေတယ်…
- ပြော ပြော နင်တစ်ခုခုပြောပါ…
သူ့မျက်စိထောင့်ကနေ မျက်ရည်ကျလာတယ် သူအရမ်းအားယူလိုက်ပြီး
- sorry
သူပြောပြီးတာနဲ့ သူမျက်စိပိတ်သွားတယ်..
- ဘာလဲဟာ sorry လို့မပြောနဲ့ ပြောတာကိုလဲ လက်မခံနိုင်ဘူး ထ ထ ကြားလား….. ငါနင့်ကို မခွင့်လွတ်ဘူး …… ထ……… နင်မထရင် ငါနင့်ကို ဒီတစ်သက်မခွင့်လွတ်ဘူး…. မျက်စိဖွင့်ပါ…………..
ဒါဟာ သူ sorry ပြောတာ ၁၀၀ ပြည့်သွားတယ် …. ဆရာဝန်နဲ့ ဘေးကလူတွေ ကျွန်မကို ၀ိုင်းဆွဲတယ်..
ကျွန်မ မထနိုင်တော့ဘူး ဘာမှလည်းမသိတော့ဘူး အမှောင်ကမ္ဘာထဲရောက်သွားသလို…..
သူဒီကမ္ဘာကနေမထွက်ခွါသေးပါဘူး သူကိုအပြင်လောကမှာမတွေ့ရတာ ကျွန်မအိပ်မက်ထဲသူလာတယ်
သူဘေးမှာအမြဲရှိနေတယ်… ကျွန်မရင်ထဲမှာ သူရှင်နေသေးတယ်…. ဒါပေမဲ့ sorry လို့ သူမပြောတော့ဘူး
လအတော်ကြာတော့ သူ့အမေလာရှာတယ် ဘူးလေးတစ်ခုကိုပေးတယ်..
ဘူးထဲမှာ ဓါတ်ပုံတွေချည်းပဲ အပုံပေါင်း ၁၀၀ အပုံတိုင်းရဲ့နောက်မှာ စာရေးထားတယ်… ကျွန်မကိုစိတ်ဆိုးအောင်လုပ်မိတဲ့ကိစ္စတွေအားလုံးကို ….
ပထမအကြိမ် sorry - မိန်းမ ဒီနေ့ တမင်နောက်ကျတာမဟုတ်ပါဘူး ဘာဆင်ခြေတွေပေးရမှန်းလဲ မသိဘူး အဖြစ်မှန်ကိုလည်းမပြောချင်ဘူး။ အိမ်ကထွက်မယ်ဆိုမှ ရုတ်တရက် နှလုံးအောင့်လာတယ် ဒါပေမဲ့ အစွမ်းကုန်ကြိုးစားပြီးလာခဲ့တယ် ခွင့်လွတ်ပါနော်…
ဒုတိယ sorry - မိန်းမ ငါ…………
တတိယ sorry - …………….
……………………………..
……………………….
…………….
၁၀၀ sorry - မိန်းမ ငါမင်းကို ပစ်သွားတာမဟုတ်ပါဘူး မင်းကိုတစ်သက်လုံးချစ်ဖို့ ဘုရားက ကိုယ့် ကိုအခွင့်အရေးမပေးဘူး ဒီလက်စွပ်လေးကိုစွပ်စေချင်တယ်.. မင်းဟာ ငါ ပထမ sorry ပြောတဲ့မိန်းကလေးပါ ထာဝရလက်တွဲဖို့ ဆုံးဖြတ်စေသူပါ ငါ မင်းကိုပျော်ရွှင်မှုတွေမပေးနိုင်တော့ဘူး ငါမင်းဘေးမှာရှိနေမှာပါ မင်းပျော်ရွှင်နေတာကိုကြည့်ချင်တယ် ကတိပေးပါ မငိုပါဘူးဆိုတာကို မင်းမျက်ရည်ကျတာကို မခံစားနိုင်လို့ပါ…. သိပ်ချစ်တယ်…
ကျွန်မ မငိုပဲ ဘယ်လိုနေနိုင်ပါ့မလဲ………… နောက်ဆုံးဓါတ်ပုံကို ဆေးရုံမှာရိုက်ခဲ့တယ်… ပြုံးနေတဲ့အပြုံးလေးဟာ အရမ်းကိုတောက်ပတယ်.. ဒါပေမဲ့ သိပ်ပိန်တယ်… မျက်နှာကလည်း ဖြူဖတ်ဖြူရော်.. ဒါကို သူပြုံးနိုင်တယ် ဒီ အပုံ ၁၀၀ မြောက်ကိုရိုက်ဖို့အတွက်…
သူအရမ်းခံစားနေရတဲ့အချိန်မှာ သူဘေးမှာမရှိဘူး
Sorry ပါ….
သူ့ဓါတ်ပုံတွေကို ပွေ့ဖက်ပြီး ကျွန်မ အငိုမတိတ်တော့ဘူး။
ရှိသမျှချစ်သူတွေအားလုံးတစ်ဦးကိုတစ်ဦးချစ်မြတ်နိုးနိုင်ကြပါစေ။
ဒီလိုအလွမ်းဇာတ်မျိုးထပ်မဖြစ်စေဖို့ ဆုတောင်းရင်း…………..
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment