ချိုမြိန်သောစကားလုံး ဖွဲ့နွဲ့ထားတဲ့စကားလုံးတွေကို ချစ်သူတွေကြားမှာကြားနေရမှာပါ။ ကောင်လေးက ပြောတယ် ကောင်မလေးက နားထောင်တယ်။ ဒါကို ကြည်နူးနေကြတယ်။ တကယ့်စိတ်ရင်းနဲ့လား ဖွန်ကြောင်နေတာလားဆိုတာကို ဂရုမစိုက်တော့ပဲ သာယာနေကြတယ်။ အမှန်ကိုသိရက်နဲ့ ကြည်နူးနေတက်ကြတာ လူ့သဘာဝပါပဲ။
သူ့အချစ်နဲ့ ပတ်သက်လာရင် မပွင့်လင်းဘူး။ ရင်ထဲမှာ သိမ်းပြီးချစ်နေရတာ ပိုပြီးအနှစ်ရှိတယ်တဲ့။ သူ့ရဲ့ အချစ် ကို ငါ့ရင်ထဲကအလိုလို သိနားလည်နေရင်ပြီးရောတဲ့။ ပြောတယ်ဆိုတာကလည်း တစ်ဘက်လူသိအောင် ပြောတာဆိုတော့……သိနေရင်ပြောမနေတော့ဘူးတဲ့။ ဒီလိုနဲ့ သူရဲ့ ချစ်တဲ့ပုံစံတွေကို ငါ ကျင့်သားရလာခဲ့တယ်။
သူ့ကို ငါ့အတွက်နဲ့ ဘာမှကို မပြောင်းလဲခိုင်းခဲ့ဘူး။ မတောင်းဆိုခဲ့ဘူး။
ဒါပေမဲ့ တဖြည်းဖြည်း သွေးအေးလာခဲ့တယ်။ သူ့ရဲ့အချစ်တွေကို မခံစားရတော့ဘူး။ ဒီလိုနဲ့ ပထမလမ်းခွဲခြင်းကို ငါလက်ခံလိုက်ရတယ်။ ချစ်သူရှိတယ်ဆိုတာကလွဲလို့ သူငယ်ချင်းတစ်ယောက်လို အတူတူသွားခွင့် မရှိခဲ့တဲ့ ငါ့ရဲ့အဖြစ်…..။ တစ်ခါတစ်လေ စဉ်းစားမိတယ်… ငါဘာကို စောင့်စားနေတာလဲ… အော်…ခုတော့သိပြီ…. ရက်စက်တဲ့စကားလုံးများကို စောင့်စားလိုက်ရတယ်…မျှော်လင့်လိုက်ရတယ်…
“မမျှော်လင့်တော့နဲ့တဲ့”
ချိုမြိန်တဲ့စကားလုံးတွေကို မပြောတက်ခဲ့ပေမဲ့ ဒီခါးသက်သက်စကားလုံးကြီးကို သူပြောခဲ့တယ်…
လမ်းခွဲပြီး ၃နှစ်အကြာမှာ သူပြန်ဆက်သွယ်ခဲ့တယ်။ တခြားကောင်လေးနောက်ပါသွားမှာဆိုးလို့တဲ့။ တကယ့်ကို တစ်ကိုယ်ကောင်းဆန်တယ်…
သူ့ကို အကြောင်းပြချက်မရှိ တောင်းဆိုချက်မရှိ ခွင့်လွတ်ခဲ့တယ်….
၂ လကြာပြီးနောက် သူထားသွားပြန်တယ်…..
ငါ့ကို လက်ထက်ခွင့်တွေတောင်းခဲ့ပြီး ခွင့်လွတ်အောင် လုပ်တာလား…
အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ ငါတ၀ဲလည်လည် ဖြစ်ခဲ့တဲ့ နေ့ရက်ပေါင်းများစွာ….
သူ ပြန်ဆက်သွယ်မဲ့ နေ့ရက်ကို မျှော်လင့်စောင့်စားရင်း….
တစ်ရက်မှာတော့ စောင့်စားရတာတွေကျေနပ်စေခဲ့တယ်….
သူထားခဲ့မှာကို စိုးရိပ်နေတယ်ဆိုတာကို သူသတိထားမိသွားတယ်…
လျှောက်မတွေးဖို့ သူပြောတယ်…. ဘယ်တော့မှမထားဘူးတဲ့….
ငါရဲ့နေ့ရက်တွေပြန်လည် နှိုးကြားလာခဲ့တယ်…
နှိုးကြားမှုတွေက မကြာပါဘူး…. သူဘယ်ရောက်လို့ ဘယ်မှာလဲ ဘယ်ရင်ခွင်မှာလဲ ဆိုတာ ငါလုံးဝမသိဘူး။
အချစ်စစ်မှန်ရင် အသွားနဲ့အပြန်ရှိတယ်ဆိုတာကို ယုံကြည်ပြီး စောင့်စားရင်း ငါ့ရဲ့ အသက်မရှိတော့တဲ့ အသက်နဲ့ရှင်သန်နေခဲ့တယ်…
တစ်ရက်မှာတော့ သူနဲ့ ပတ်သက်တဲ့ ငါ သေဆုံးသွားပါတယ်…..
အထီးကျန်မှုကလွဲလို့ အသက်ရူတာတွေအားလုံးမှန်နေသေးတယ်…..
ချစ်ခြင်းနဲ့ အသဲကွဲခြင်းတွေကို ပေးခဲ့တဲ့ မင်းကို ကျေးဇူးတင်တယ်…..
ချစ်ခြင်းမှာ နှစ်ဦးနှစ်ဘက်လုံးချစ်ကြရမယ် ဆိုတာကို သိအောင်ပြောပြတဲ့ မင်းကို ကျေးဇူးတင်တယ်….
နာကျင်မှုတွေက ရဲဝံ့မှုတွေကို နှိုးဆွပေးတယ် ဆိုတာကို သိရှိခဲ့တယ်….
ဘယ်လိုလူကို မချစ်သင့်ဘူး လက်လွတ်သင့်တယ်ဆိုတာကို နားလည်ခဲ့တယ်….
မင်းကို ဒီလိုမျိုးချစ်ခဲ့ရတာကို ငါကျေနပ်ပါတယ်…..
မမုန်းပါဘူး…
မုန်းတာက ချစ်တာထက် ပင်ပန်းတယ်….
ရာသီဥတုအေးလာရင် ငါအနွေးထည်ဝတ်လိုက်မယ်…
မင်းရဲ့ရင်ခွင်ကို တိုးဝင်ဖို့ ငါမကြိုးစားတော့ဘူး….
ငါတို့ နောက် မပတ်သက်တော့ဘူးဆိုတဲ့ ခါးသီးရက်စက်တဲ့ စကားလုံးကို ငါ ပြောထွက်ခဲ့အောင် သင်ကြားပေးခဲ့တဲ့ မင်းလေး ခုဆို ကျေနပ်သွားပြီပေါ့နော်…….
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)
Friday, January 8, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment