Friday, January 8, 2010

ထားလိုက်ရမှာလား

နေ့စဉ်နေ့တိုင်းမှာ အားလုံးကြုံတွေ့ကြတဲ့ ပြောလို့မရတဲ့ နားလည်ရခက်တဲ့ ခံစားချက်လေးတွေ ရှိကြတယ်။ အဲဒီအချိန်မှာ ကိုယ့်နံဘေးနားက သူငယ်ချင်းက နှစ်သိမ့်တယ်….
`သူငယ်ချင်း ထားလိုက်ပါ.. ဒါကတော့ ဖြစ်တက်ပါတယ်´ ဆိုပြီး ပြောကြမှာပါ။
လူတစ်ယောက်က အဲဒီအကြောင်းအရာတစ်ခုရဲ့ ဖြစ်စဉ်မှာ သူ့ရဲ့ ခံစားချက် ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ပူပန်မှု၊ ဒေါသ တွေကို ဘေးကကြည့်နေတာထက် ကိုယ်တိုင်ခံစားဖူးမှသာ နားလည်တာပါ။
ထားလိုက်ပါ ဆိုတဲ့ စကားတွေ တကယ်ထားလိုက်ရင် အားလုံးကောင်းသွားလား။
ကျွန်မထင်တာကတော့ ဒါက ရင်ဆိုင်နေတာမဟုတ်ပဲ ရှောင်ပြေးနေတာပါ။
သင်က မတရားဘူးလို့ ထင်နေတာကို သင်သည်းခံမှာလား။ အံကြိတ်ပြီး နေနေမှာလား။ သူ့ရဲ့အကျင့်မကောင်းတာတွေကို သင်က သင့်ရဲ့ နားလည်ခွင့်လွတ်မှုတွေနဲ့ သင်သူ့ကို သိမ်းပိုက်နိုင်မယ်ထင်လား။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။
အဲဒါက ကိုယ်တိုင်လုပ်ရတာ ငါကောင်းနေပါတယ် ဆိုပြီး နေနေဖို့ မဟုတ်ဘူးလို့ထင်တယ်။
သူအကျင့်မကောင်းတာတွေ မခံမရပ်နိုင်အောင်လုပ်နေတာတွေကို ခေါင်းငုံ့မခံပဲ ကိုယ်မှန်တယ်ဆိုတဲ့ အကြောင်းကို ကိုယ်တိုင်သက်သေပြနိုင်အောင် လုပ်ရမယ်။ ဒါမှ တကယ် ရင်ဆိုင်တာပါ။ ထားလိုက်ထားလိုက်ဆိုတိုင်း အားလုံးအဆင်ပြေသွားတယ် ထင်လား…….
အားလုံး စိတ်ဆင်းရဲခြင်းမှာကင်းဝေးပြီး သင့်တော်တဲ့ လမ်းမှ ဖြေရှင်းနိုင်ကြပါစေ………
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment