Friday, January 8, 2010

ချစ်ခဲ့တယ် နာကျင်ခဲ့တယ်

ချစ်နေတဲ့ အချိန်မှာဘယ်သူမှ နောက်ဘာဖြစ်မယ်ဆိုတာသိမှာမဟုတ်ပါဘူး။ သင်အရမ်းချစ်ရင် သေဆိုသေ၀ံ့တယ်မလား။ ငါလည်းဒီလိုပါပဲ။ သူ့ကိုဘာမဆို ဦးစားပေးခဲ့တယ်။ သူပျော်ရင်ပြီးရော။ သူဘာပဲလုပ်နေပါစေ ….။
သူ့အတွက် အစွမ်းကုန်ပေးဆပ်ပြီး ချစ်ခဲ့ပြီးပြီ ဆိုရင်တော့ ခွဲရရင်လည်း ကျေနပ်နေလား။
ငါရူးနေပြီထင်တယ်။
ချစ်ပြီးရင် အားလုံးက ထာဝရပိုင်ဆိုင်ချင်ကြမှာပဲ။
ငါလည်းဒီလိုပါပဲ။ လောဘကြီးပါတယ်။ ချစ်တဲ့သူနဲ့ ဆံပင်တွေဖြူတဲ့အထိ ပေါင်းချင်တယ်။
ဒီကမ္ဘာမှာ ချစ်တူစုံတွဲတွေ ဘယ်နှတွဲရှိလဲ။ ဘယ်နှတွဲကကော တစ်သက်တာလက်တွဲကြမှာလဲ လို့ မေးချင်တယ်။
သူငါကို မထားခဲ့တော့ဘူးလို့ ပြောခဲ့တာပဲ။ ဒါပေမဲ့ နောက်ဆုံးတော့လည်းထားခဲ့တယ် အချစ်ကမစစ်လို့လား။ ငါမသိဘူး သူနဲ့ အတူတူရှိချင်တယ်။ နောက်ပိုင်းဘာဖြစ်ဖြစ်ပေါ့ဟာ…
ငါတို့မှာ အနာဂတ်ရှိတယ်လို့ထင်တယ်။ သူ့ကိုအရမ်းချစ်တယ်။ သူ့ကိုချစ်နေရတာကို ပျော်တယ်။ တကယ့်လက်တွေ့ဘ၀မှာတော့ ထင်ထားသလိုမဟုတ်ပါဘူး။ ထားခဲ့တုန်းကတော့မသိပါဘူး။ ဒီလောက်နာကျင်ခံစားရမယ်လို့………………
အချစ်ဝတ္ထုတွေဖတ်ရင် သီချင်းတွေနားထောင်ရင် ရုပ်ရှင်တွေကြည့်ရင် ခံစားတတ်လွန်းလို့ သနားလို့ငိုမိတယ်ပဲထင်ခဲ့တယ်။ အလွမ်းဇာတ်နဲ့ အဆုံးမသတ်ခိုင်းစေချင်ဘူး။ သနားတာလို့ပဲ ထင်တယ်။
တကယ်နာကျင်လာရင် ဘယ်လောက်ထိခံစားရတယ်ဆိုတာကို မသိဘူး။
အချစ်နဲ့ပတ်သက်လာရင် ခေါင်းမာတယ်။ ထားခဲ့ပြီးတာတောင် ပြန်လာမယ်လို့ပဲထင်တယ်။ သူငယ်ချင်းတွေ အားလုံးဝိုင်းပြောကြတယ်။ “နင့်အချစ်နဲ့ မထိုက်တန်တဲ့သူ့ကိုချစ်မနေပါနဲ့…”
သူ့အချစ်ကိုမက်မောတယ်….. သူ့ကိုမုန်းဖူးတယ်…. သူမို့ဒီလောက်ရက်စက်ရက်တယ်…… သူပြောခဲ့တာတွေက အားလုံးလိမ်နေတာပေါ့…….. ဒီအဖြေကိုတော့ သူပဲဖြေနိုင်လိမ့်မယ်။
သူပြောပါ့မလား။ပြောမှာမဟုတ်တော့ပါဘူး။သူ့ဘ၀ထဲမှာ ငါ ဆိုတာမှမရှိတော့တာ…..
ဒီမေးခွန်းတွေအတွက်အဖြေရှိမှာမဟုတ်တော့ပါဘူး။
ငါ့ကို ချစ်တတ်အောင်သင်ပေးခဲ့ပြီး ဒီလိုထားခဲ့တာ အချစ်လို့ခေါ်သေးလား။ မခေါ်ဘူး။
လိုအပ်ချိန်တိုင်း အနားမှာအမြဲရှိနေမှလို့ထင်တယ်။
ချစ်ရင် ဒီလောက်လွယ်လွယ်နဲ့ ထားခဲ့မှာမဟုတ်ပါဘူး။
အချစ်ကို ပြုမူလုပ်ဆောင်ချက်တွေကနေ သက်သေပြလို့ရပါတယ်။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment