မှတ်မိသေးလား။ နင့်ရဲ့ဇွဲကောင်းမှုတွေကြောင့် ငါ ဒီအချစ်ခရီးလမ်းကို စလှမ်းခဲ့တယ်။
နောက်ဆုံးမှာတော့ အားလုံး လမ်းပျောက်သွားတယ်ဆိုပေမဲ့….
ငါလဲ အဲဒီအချစ်လမ်းကနေ ထွက်ပြေးလာခဲ့တယ်…
ဒါပေမဲ့ ငါ့နဲ့ စတွေ့ခဲ့တဲ့နေရာ ကနေ နင် မရွေ့သွားဘူး။ သူနင့်ကို ခေါ်ဆောင်မသွားခင်အထိပေါ့…
ပင်လယ်ကမ်းခြေက ငါတို့ရဲ့ခြေရာလေးတွေကို နင်မှတ်မိသေးလား…
နင်ကို ငါဘယ်တော့မှာလက်ခံမှာလဲတဲ့…
ငါဘေးနားမှာနေပြီး အတူတူလျှောက်လှမ်းမယ်လို့ နင်ပြောတယ်…
အဆုံးအထိ ငါ့ဘေးနားမှာရှိနေမယ်လို့တော့ နင်မပြောခဲ့ဘူး…
ညနေဆည်းဆာသွားကြည့်ဖို့ ချိန်းတာကို မှတ်မိသေးလား…
အလှပဆုံးဆည်းဆာကိုမမီလိုက်ဘူး…. မိုးတွေသည်းနေတယ်….
ပြီးတော့လဲ လှပတဲ့ ကြယ်တွေကို မကြည့်လိုက်ရဘူး…
ပင်လယ်ကမ်းခြေက ချစ်သက်သေအဖြစ် ပေးထားတဲ့ အဖြူရောင် ခရုခွံကို ပစ်လိုက်ရင် မေ့သွားမယ်လို့ထင်ခဲ့တယ်…..
ငါ့ရဲ့ အတွေးတွေ နေ့စဉ်ဖြစ်ပျက်သမျှတွေဟာ နင့်ကြောင့် လှပလာခဲ့တယ်…..
အသက်ရှိစွာနဲ့ အသက်ရှင်နေရတယ်……
တချိန်ကပေါ့… ငါဟာနင့်ရဲ့ နတ်သမီးလေး… နင်ဟာငါ့ရဲ့ တန်ခိုးရှင်….
နောက်ဆုံးကျတော့ ဘာမှာမဟုတ်ပါဘူး….
ဘတ်စ်ကားအတူစီးပြီး မှတ်တိုင်ဆင်းတာချင်းမတူတဲ့ တစိမ်းတွေ…..
နင့်ဆီကထိပ်ဆုံး လက်ခံတဲ့ ရေမွှေးဟာ ခုထိ ငါ့ရင်ထဲမှာမွေးကြိုင်နေတုန်း….
နောက်ဆုံးငါနင့်ကို အမှတ်တမဲ့ပေးခဲ့တဲ့ ဒဏ်ရာတွေ….
နင် ငါ့ကို ပေးလိုက်တဲ့ နာကျင်မှုတွေ
အားလုံးဟာအမှတ်တမဲ့ လား….
ငါကိုယ်ကိုကိုယ်လိမ်နေရတာမောလှပြီ…… ငါနင့်ကို မေ့ဖို့တောင်မေ့နေပြီ ဆိုတဲ့စကားတွေ….
ငါစိုးရိမ်နေခဲ့တယ်…
ငါ…. နင့်ကိုသိပ်ချစ်တယ်ဆိုတဲ့ ငါ့ရဲ့ ခံစားချက်တွေ ငါ့ရဲ့နှလုံးသားတွေ….ဘယ်ရောက်ကုန်မှာကို……
နင်ငါ့ကိုပေးခဲ့တဲ့ဒဏ်ရာတွေကိုအကြောင်းပြပြီး ……
ငါ… Mr.Right ကိုရှာသင့်ပြီ….
သူငါ့ကို ရှေ့လမ်းထောင့်တစ်နေရာကနေစောင့်နေမယ်လို့ ထင်တယ်…..
ငါနဲ့ ဒီအချစ်ခရီးလမ်းကို ဆုံးအောင်လျှောက်ဖို့……
ငါဒီလမ်းကို ရဲတင်းစွာဆက်လျှောက်နိုင်မှ ငါသူ့ကို တွေ့မယ်…
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)
Friday, January 8, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment