Friday, January 8, 2010

ဆေးနှင့်တူသောယောင်္ကျား

ခေါင်းတွေမူးလို့ရင်တွေခုန်တယ်….ဆေခန်းသွားလည်းမသက်သာဘူး…. မင်းနဲ့တွေ့မှ သေချင်လာပြီ…
အဲဟုတ်ပါဘူး…. သီချင်းစာသားမှားသွားလို့ပါ……..

ယောင်္ကျားတစ်ယောက်က သေဆေးလို့ပြောခံရရင် မင်းဂုဏ်ယူလိုက်စမ်းပါ
ယောင်္ကျားအများစုဟာ မသေနိုင်လို့ပါ

တစ်ချို့ယောင်္ကျားက အစာအိမ်ဆေး
အသင်မိန်းကလေးဗိုက်ထဲမှာလွတ်လွတ်ကြီး ဒါမှမဟုတ် အစာအိမ်အချဉ်ဓါတ်တွေများနေရင် သူ့နဲ့ထမင်းအတူစားပါ ဒါပေမဲ့ တစ်သက်လုံးတော့ ထမင်းအတူမစားနဲ့နော်။

တစ်ချို့ယောင်္ကျားက အကိုက်အခဲပျောက်ဆေး
သူက သင့်ရဲ့အထီးကျန်နာကျင်တဲ့နေ့ရက်တွေကို အတူတူဖြတ်သန်းပေးလိုက်မယ်။ ဒါပေမဲ့ သင်ချစ်တာက သူမဟုတ်ပါဘူး…. ချစ်နိုင်ရင် အကိုက်အခဲပျောက်ဆေးလိုအုံးမလား။

တစ်ချို့ယောင်္ကျားက အအေးမိဖျားနာပျောက်ဆေး
ဆေးသောက်သောက်မသောက်သောက် အအေးမိတာက သက်သာတာပဲ ဒါကြောင့် ဒီလိုယောင်္ကျားမျိုးကတော့ ရှိရှိမရှိရှိ ဘာထူးမှာလဲ။

တစ်ချို့ယောင်္ကျားက ပိန်ဆေး
နောက်ဆုံး မလျော့လို့မရတော့ဘူး ဆိုမှတော့…. ဘယ်သူကသူ့ကို ယူချင်မှာလဲ။

တစ်ချို့ယောင်္ကျားက တားဆေး
သူ့ကိုမသုံးတော့လဲ စိတ်မချရဘူး သုံးပြန်တော့လည်း မကောင်းပြန်ဘူး။

ဒါကြောင့်သေဆေးသာအကောင်းဆုံးပါ သင့်ကို စွဲလန်းစေမယ် မချစ်ရမနေနိုင်ပေါ့ သူကအဆိပ်ပါဆိုတာတောင် သင်ရှောင်လွဲ မှာမဟုတ်ဘူး။

တစ်ချို့ယောင်္ကျားက ဗမာဆေး
ချက်ချင်းရောဂါမသက်သာပေမဲ့ ကြာလေသိသာလေပဲ ဆေးကမပြင်းတော့ သင့်အတွက်ဘေးမဖြစ်ဘူး…..လေ။
တစ်ချို့ယောင်္ကျားက ၀မ်းနှုတ်ဆေး
သူနဲ့သာဆိုရင် သင့်ဘ၀ကမတွေးဝံ့စရာပဲ။
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

1 comment:

  1. I want to write something, but no word.
    I like it sister.
    :)

    ReplyDelete