Friday, January 8, 2010

သင့်အတွက်….

အလုပ်ရှုပ်တဲ့အချိန်မှာ နားချင်တယ်….
ဆင်းရဲချိန်မှာ ချမ်းသာချင်တယ်….
အဆင်ပြေနေရင် မကြာရှည်မှာစိုးရိမ်လာတယ်….
ဆုံးဖြတ်ချက်ချရင် မှားသွားမှာစိုးရိမ်တယ်….
သဘောပေါက်နားလည်တော့ နောင်တရတယ်….
ကိုယ်မပိုင်ဆိုင်ရင် လိုချင်တပ်မက်မယ်….
လက်ရှိပိုင်ဆိုင်နေမယ်ဆိုရင် မပိုင်ဆိုင်ခင်ကလွတ်လပ်မှုကိုတမ်းတမယ်….
အခုလက်ရှိကိုတန်ဖိုးမထားရင် ဘယ်အချိန်ကိုထားမှာလဲ…………..

လူတစ်ယောက်ဟာ ဘာအကြောင်းပြချက်မရှိပဲ သင်နဲ့ သူငယ်ချင်းလုပ်မယ်…..

သူငယ်ချင်းဆိုတာ သင်ကိုနှစ်သက်မယ် သင့်ကိုနားလည်မယ်
သင့်သူငယ်ချင်းကို တန်ဖိုးထားပါ…
ဒီလိုရေစက်ရှိလို့ ဆုံနေရတာပါ….
လမ်းမှာ ပခုံးချင်းတိုက်မိရင်တောင် ခင်ချင်မှခင်ကြတာပါ………
ဒီလို သတိတရဖြစ်နေတယ်ဆိုတာလဲ သင်နဲ့ သူငယ်ချင်းထာဝရဖြစ်ချင်လို့ပါ….

သူငယ်ချင်း သင်နဲ့ မျှဝေခံစားချင်တယ်
သူငယ်ချင်း သင်မကျေနပ်ဘူး ဆိုရင် တို့အပေါ် ဒေါသထွက်နိုင်တယ်
သူငယ်ချင်း သင်ပိုက်ဆံကုန်သွားရင် ငွေချေးဖို့ အဆင်သင့်ပါ
သူငယ်ချင်း သင်ရူးမူးချင်ရင် တို့လည်းအဖေါ်အဖြစ်လိုက်မယ်
သူငယ်ချင်း ပြဿနာဖြစ်လာရင်လည်း တူတူခံကြတာပေါ့
သူငယ်ချင်း …………………………………………….

တစ်နှစ် ဆိုတဲ့အတိုင်းအတာကို သိချင်ရင် စာမေးပွဲကျတဲ့သူကို သင်သွားမေးလို့ရတယ်..
တစ်လ ဆိုတဲ့အတိုင်းအတာကို သိချင်ရင် ကိုယ်ဝန်ဆောင်မိခင်ကို သင်သွားမေးလို့ရတယ်…
တစ်ပတ် ဆိုတဲ့အတိုင်းအတာကို သိချင်ရင် ဂျာနယ်တိုက်ကို သင်သွားမေးလို့ရတယ်…
တစ်နာရီ ဆိုတဲ့အတိုင်းအတာကို သိချင်ရင် ချိန်းထားတဲ့သမီးရည်းစားကို သင်သွားမေးလို့ရတယ်…
တစ်မိနစ် ဆိုတဲ့အတိုင်းအတာကို သိချင်ရင် ခရီးထွက်ချိန် နောက်ကျသွားသူကို သင်သွားမေးလို့ရတယ်…
တစ်စက္ကန့် ဆိုတဲ့အတိုင်းအတာကို သိချင်ရင် သေမင်းနဲ့ရုန်းကန်နေရတဲ့သူကို သင်သွားမေးလို့ရတယ်…
တစ်သက်တန့် ဆိုတဲ့အတိုင်းအတာကို သိချင်ရင် ရွှေတံဆိပ်ကိုမရလိုက်တဲ့အားကစားသမားကို သင်သွားမေးလို့ရတယ်…

သူငယ်ချင်း…. သင်အတွက် ခံစားလိုက်ရတဲ့ ကိစ္စအသေးအဖွဲပဲဖြစ်ဖြစ် အတူတူမျှဝေခံစားကြရအောင်လား……….
သင်ငိုမယ်ဆိုရင်လည်း ပခုံးငှားပေးမဲ့သူပါ……..
သူငယ်ချင်းဆိုတာ.. သင်အဆင်မပြေချိန်မှာ သင်လက်ကလေးကိုဆုပ်ကိုင်ပြီး အဆင်ပြေလားလို့ မေးတယ်

သင်ဒီသူငယ်ချင်းနဲ့ ဘယ်အချိန်ထိ သူငယ်ချင်းဖြစ်မယ်ဆိုတာ တော့ အားလုံးမသိကြပေမဲ့ ဒီခင်မင်မှုကို တန်ဖိုးထားပေးလို့ရနိုင်မလား…..

ခင်မင်မှုကို တည်ဆောက်ဖို့ သစ်ပင်တစ်ပင်လိုပါပဲ…
TREE
T Trust
R Respect
E Exchange
E Emotional Support

သူငယ်ချင်းဆိုတာ သင့်ဘေးမှာအမြဲအားပေးနေမှာပါ…..
ကောင်းကောင်းဆိုးဆိုး သင့်ဘက်ကရှိနေမှာပါ….
တခြားလူဘယ်လိုပြောပြော သင့်ရဲ့ကောင်းကြောင်းကိုသာပြောသူပါ….
သင်နာကျင်ခံစားနေချိန်မှာ သင့်ကိုဖေးမပေးသူပါ….
သင်အခက်အခဲကြုံချိန်မှာ သင့်ကိုလက်ကမ်းပေးသူပါ….

မိုးရွာတာကို ကြိုက်တယ် ဒါမှငါငိုနေတာကို နင်မသိမှာ
ငေးငိုင်တာကို ကြိုက်တယ် ဒါမှငါသတိရနေတာကို နင်မသိမှာ
နင့်နံဘေးမှာနေရတာ ကြိုက်တယ် ဒါကငါ့ရဲ့ပျော်ရွှင်ခြင်းတွေပါ……
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

No comments:

Post a Comment