Friday, January 15, 2010

စင်ဒရဲလား

ဆရာမက အတန်းထဲက ကျောင်းသားတွေကို စင်ဒရဲလား ပုံပြင်နဲ့ပတ်သတ်ပြီး ပြောတဲ့ စကားလေးတွေပါ…
ကျောင်းတက်ခေါင်းလောင်းထိုးတော့ ကလေးတွေအားလုံး အခန်းထဲဝင်ကြတယ်။
ဆရာမက ကျောင်းသားတယောက်ကို ပုံပြောဖို့ စင်ပေါ်ခေါ်လိုက်တယ်…
ကျောင်းသားလေး ပုံပြောလို့ အပြီးမှာ ဆရာမက ကျောင်းသားအားလုံးကို မေးခွန်းတွေမေးတယ်….
ဆရာမ - ဒီပုံပြင်ထဲမှာ ဘယ်သူ့ကို ကြိုက်လဲ။ ဘယ်သူ့ကို မကြိုက်ဘူးလဲ။ ဘာကြောင့်လဲ။
ကျောင်းသား - စင်ဒရဲလား နဲ့ မင်းသားကို ကြိုက်တယ်။ မိထွေးနဲ့ သမီးနှစ်ယောက်ကို မကြိုက်ပါဘူး။ စင်ဒရဲလားက ရိုးသားတယ် ချစ်ဖို့ကောင်းတယ် လှတယ်။ မိထွေးနဲ့ အမနှစ်ယောက်ကတော့ မကောင်းဘူး။
ဆရာမ - ညသန်းခေါင် ၁၂ နာရီမှာ စင်ဒရဲလား ရွှေဖရုံသီးမြင်းလှည်းကို စီးဖို့မမီခင် ဘာဖြစ်သွားလဲ။
ကျောင်းသား - နဂိုက ၀တ်ထားတဲ့ စုတ်ပြဲနေတဲ့ အ၀တ်တွေနဲ့ ဖြစ်သွားတယ်။
ဆရာမ - ဒါကြောင့် ကလေးတွေလဲ အချိန်ကို လေးစားရမယ်။ အချိန်ကို မလေးစားရင် ကိုယ့်ကိုကို ဒုက္ခရောက်စေမယ်။ ပြီးရင် ဘယ်တော့မှ ကိုယ့်ကို အရှက်ကွဲစေအောင် ဖြစ်သလိုမနေပါနဲ့ ။ စင်ဒရဲလားသာ အ၀တ်ဟောင်းနဲ့ မင်းသားရှေ့မှာဖြစ်သွားရင် မင်းသား လန့်သလို ကလေးတို့နဲ့ ပတ်သက်တဲ့ သူငယ်ချင်းတွေ လန့်သွားမယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့… ရုပ်မလှသည်ဖြစ်စေ ဘယ်တော့မှာ ဖြစ်သလိုမနေပါနဲ့ ကိုယ့်ချစ်သူ လန့်ပြီး မူးလဲသွားမယ်။
နောက်ထပ်မေးခွန်းကတော့..
ကလေးတို့သာ စင်ဒရဲလားရဲ့မိထွေးဆိုရင် စင်ဒရဲလားကို ပါတီပွဲတက်ဖို့ ခွင့်ပြုမှာလား။ အမှန်အတိုင်းဖြေရမယ်။
ကျောင်းသားတယောက်က မတ်တက်ထပြီး
ဟုတ်ပါတယ် မိထွေးဖြစ်နေရင် စင်ဒရဲလားကို မပေးသွားဘူး။
ဆရာမက အကြောင်းရင်းကို မေးတော့…
ဘာလို့လဲဆိုတော့ သမီးအရင်းနှစ်ယောက်ကို ချစ်လို့ သူတို့ကိုပဲ မင်းသားနဲ့ ရစေချင်တယ်..
ဟုတ်တယ်… မိထွေးဆိုတိုင်းမကောင်းတာမဟုတ်ပါဘူး… မိထွေးဆိုတာ တခြားသူရဲ့သားသမီးတွေကိုအပေါ် မကောင်းတာ။ ကိုယ့်သားသမီးအပေါ်တော့ကောင်းတယ်။ သူတို့က လူရုတ်မာတွေမဟုတ်ပါဘူး။ သူတို့က ကိုယ့်သားသမီးထက် ဘယ့်သူကိုမှ ပိုမချစ်နိုင်လို့ပါ ဆိုပြီး ဆရာမကပြန်ပြောတယ်။
နောက်ထပ်မေးခွန်းတစ်ခုက
သော့ခတ်ခံထားရတဲ့ စင်ဒရဲလားက ပါတီပွဲတက်နိုင်တဲ့အပြင် အလှပဆုံးမင်းသမီးဖြစ်ခဲ့ရတာလဲ။
နတ်သမီးလေးကူညီလို့ပါ…လှပတဲ့အ၀တ်ကို ဖန်ဆင်းပြီး ရွှေဖရုံသီးကို မြင်းလှည်းဖန်ဆင်းတယ်။ ခွေးနဲ့ ကြွက်ကို လဲ စင်ဒရဲလားရဲ့ အစေအပါးဖြစ်စေခဲ့တယ်။
ခွေးနဲ့ ကြွက်က စင်ဒရဲလားကို မကူညီခဲ့ရင် သူမ အိမ်ကို ရောက်သွားနိုင်ပါ့မလား…နတ်သမီးက စင်ဒရဲလားကို ကူညီတယ်ဆိုပေမဲ့ ဒီလောက်နဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ကလေးတို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူငယ်ချင်းဆိုတဲ့ နတ်သမီးလိုတယ် ဒါပေမဲ့ သူငယ်ချင်းကိုပဲ အားကိုးနေလို့မရပါဘူး။ သူငယ်ချင်းကိုတော့ လိုအပ်တဲ့အတွက် သူငယ်ချင်းများများနဲ့ ခင်မင်ရင်းနှီးပါ…
နောက်ထပ်မေးခွန်း
စင်ဒရဲလားရဲ့ မိထွေး ဟန့်တားမှုကြောင့် ပါတီပွဲမတက်ဖြစ်ရင် အိမ်ရှေ့မင်းသားနဲ့ လက်ထက်ရပါ့မလား။
ကျောင်းသားတွေက မဖြစ်နိုင်ပါဘူး။ ပါတီပွဲမတက်ရင် မင်းသားနဲ့ မတွေ့လို့ မင်းသားလဲ ကြိုက်သွားမှာမဟုတ်ပါဘူး။
အရမ်းကိုမှန်တယ်။ စင်ဒရဲလားသာ ပါတီပွဲမတက်ရင် မိထွေးတားမြစ်တာ မတားမြစ်တာထားအုန်း အသုံးဝင်မှာမဟုတ်ပါဘူး။ ဒီပါတီပွဲကို တက်ဖို့ ဘယ်သူက ဆုံးဖြတ်မှာလဲ။
စင်ဒရဲလားကိုယ်တိုင်ပါ။
စင်ဒရဲလားက သူ့ကိုယ်သူ ချစ်လို့ သူလိုချင်တဲ့ အရာကို ရှာဖွေတယ်… ကလေးတို့တွေထဲမှာ ချစ်မဲ့သူ မရှိဘူးလို့ ထင်နေရင် ဘယ်လိုလုပ်ကြမလဲ။
ကျောင်းသား - ကိုယ့်ကိုကိုယ်ချစ်မှာပါ။
ကိုယ့်ကိုကိုယ်ချစ်ဖို့ ဘယ်သူမှ ဟန့်တားလို့မရပါဘူး။ ချစ်မဲ့သူမရှိဘူးလို့ ထင်ရင် ကိုယ်ကိုကိုယ် နှစ်ဆတိုးချစ်ပါ။ တခြားသူက အခွင့်အရေးမပေးရင် ကိုယ့်အတွက အခွင့်အရေးကို ဖန်တီးပါ။ ကိုယ့်အတွက် လိုအပ်တဲ့အရာတွေ ရှာဖွေပါ။ ဒါမှ စင်ဒရဲလားလို မင်းသားကို လက်ထက်ပြီး ဘုရင်မဖြစ်လာနိုင်မှာ။
နောက်ဆုံးမေးခွန်းကတော့ ဒီပုံပြင်ထဲမှာ မကိုက်ညီတဲ့ အချက်တချက်ကဘာလဲ။
ကျောင်းသားက ညသန်းခေါင် ၁၂ နာရီကျော်သွားရင် အရာအားလုံးဟာ နဂိုအတိုင်းဖြစ်သွားပေမဲ့ စင်ဒရဲလားရဲ့ ဖိနပ်က နဂိုအတိုင်းမဖြစ်သွားပါဘူး။
ဟုတ်တယ်။ ဒီလို နံမည်ကြီးတဲ့ ကာတွန်းဆွဲဆရာတောင် အမှားပေါ်တယ်။ ဒါကြောင့် မှားတယ်ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ဒီထဲမှာ ဒီနံမည်ကြီးတဲ့ ကာတွန်းဆရာထက် တော်တဲ့သူတွေဖြစ်လာမယ်ဆိုတာ ဆရာမ ယုံကြည်ပါတယ်။ ကလေးတို့ ဟုတ်လား…..
ဒီလိုနဲ့ ကလေးတွေအားလုံး လက်ခုပ်တီးပြီး ဒီအချိန်လေးကို ပြီးဆုံးလိုက်တယ်….
ကလေးဘ၀တုန်းက သဘောကျခဲ့တဲ့ ပုံပြင်လေးကို အားလုံးနှစ်သက်နိုင်ကြပါစေ………………..
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment