သူငယ်ချင်းလိုလို ရည်းစားလိုလို ဝေခွဲမရတဲ့ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်……….
သူငယ်ချင်း - ညသန်းခေါင်ယံအထိ ဖုန်းပြောမယ်၊ online မှာတွေ့မယ်။
ရည်းစား -online မှာတွေ့ရင်ဘဲဖြစ်ဖြစ်၊ ဖုန်းပြော နေချိန်မှာဘဲဖြစ်ဖြစ် စောစောအိပ်ရာဝင်ခိုင်းမယ်။
သူငယ်ချင်း - သွားလည်မယ်။ ကျောင်းလစ်ခိုင်းမယ်။
ရည်းစား -အိမ်စာတွေလုပ်ခိုင်းမယ်။ စာအကြောင်းတွေ ဆွေးနွေးမယ်။
သူငယ်ချင်း - နေမကောင်းချိန်မှာ ဂရုစိုက်မယ်။
ရည်းစား -နားငြီးလောက်အောင် ဆရာဝန်သွားပြခိုင်းမယ်။
သူငယ်ချင်း - စကားကောင်းတွေပြောပြီး သူ့ကိုကိုယ်အထင်ကြီးလာမယ်။
ရည်းစား -သူပြောသမျှတွေဟာ သင့်ကို ဂရုစိုက်တဲ့ စကားတွေပါပဲ။ (တခါတလေ အမိန့်ပေးနေသလိုပါပဲ )
သူငယ်ချင်း - ဘယ်အရာမဆို သင့်ကိုလိုက်လျောမယ်။ သင်ပျော်နေရင်ပြီးတာပဲ။
ရည်းစား -အမှားအမှန် ခွဲခြားပေးမယ်။ (တော်တော်ရှုပ်တာပဲ လို့ထင်ရမယ်)
သူငယ်ချင်း - ပျော်ရွှင်ခြင်းကို သင့်ကိုပေးမယ်လို့ ပြောမယ်။
ရည်းစား -သင်နဲ့အတူ နေရတာကို သူအတွက်အပျော်ဆုံးပါပဲ။
သူငယ်ချင်း - မုန့်တွေဝယ်ကျွေးမယ်။ အကြိုအပို့ လုပ်ပေးမယ်။
ရည်းစား -မုန့်လဲမ၀ယ်ကျွေးပါဘူး။ ဘာကိုစားရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို ပြောနေမယ်။ အကြိုအပို့ လုပ်ပေးရင် သင်တန်းချိန်ထိခိုက်ပြီး စာမလိုက်နိုင်လျှင် အလုပ်ကောင်း မရနိုင်လို့ပါ။ ( သင်တို့ရဲ့ အနာဂတ် အတွက်)
သူငယ်ချင်း - အခုလက်ရှိ ကိုသာ စဉ်းစားတယ်။
ရည်းစား -အနာဂတ်အတွက် သူကြိုးစားနေတယ်၊ သင့်ကို ပျော်အောင်ထားနိုင်ဖို့ပါ။
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)
Friday, January 8, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment