Friday, January 8, 2010

ချစ်သူကို အကြွင်းမဲ့ယုံပါ

လမ်းခွဲခြင်းရဲ့အဓိကအကြောင်းရင်းကတော့ ယုံကြည်မှုမရှိလို့ပါ။ လေတိုက်လို့ သစ်ရွက်လှုပ်နေတာကို သင်ကသာအရေးတယူလုပ်နေမယ်ဆိုရင် သင်အချစ်ကို သင်မယုံတာပါ။ ဒီလိုမယုံမကြည်ဖြစ်နေမယ်ဆိုရင် အချစ်မိုးကောင်းကင်အောက်မှာ နေရောင်ခြည်တွေမရှိဖြစ်ကုန်မယ်။ ယုံကြည်မှုနဲ့ အချစ်က လက်တွဲနေတာပါ။ ဒါဟာအဓိကသော့ချက်ပါ။
သင်ကချစ်မိပြီဆိုရင် ဆွေမျိုးမတော်တဲ့အခြားတစ်ယောက်ကို သင်ရဲ့ယုံကြည်မှုတွေပေးလိုက်တာပဲ။ မျက်စိတစ်ဖက်ကို ပိတ်၊ တစ်ဖက်ကို ဖွင့် ဆိုရင် အဆင်အပြေဆုံးပါ။
မင်းကိုချစ်တယ်။ မင်းရဲ့ရုပ်ရည်ကြောင့်မဟုတ်။ မင်းနဲ့အတူနေရတဲ့အချိန် ငါ့ရဲ့ပုံစံ။
မင်းကိုချစ်တယ်။ မင်းငါ့အတွက်လုပ်ပေးတဲ့အတွက်တင်မဟုတ် မင်းအတွက်နဲ့ ငါရည်ရွယ်ပြီး လုပ်တဲ့အလုပ်တွေ။
မင်းကိုချစ်တယ်။ ငါ့ရဲ့ရင်ထဲမှာသိမ်းထားတဲ့ မနိုးကြားတဲ့အချစ်စစ်တစ်ခုကို နိုးကြားစေခဲ့တယ်။
မင်းကိုချစ်တယ်။ ငါ့ရဲ့စိတ်ကိုထိုးဖောက်မြင်နိုင်တယ် ငါ့ရဲ့ကလေးဆန်တဲ့အပြုအမူတွေ ငါ့ရဲ့အားနည်းချက်တွေ။ မင်းရဲ့ရှေ့မှာအသက်ရှူရတာ အသက်အရှိဆုံးပဲ။
တစ်ချို့တွေ ငါ့အတွက်နဲ့ ဒီလောက်ဝေးလံတဲ့ခရီးလမ်းကိုမလျှောက်ဘူး။ အလုပ်တွေမရှုပ်ခံဘူး။ ဒါကြောင့် တကယ့်စစ်မှန်တဲ့ငါကို သူတို့မတွေ့ရှိခဲ့ဘူး။ ငါ့ရဲ့ မေတ္တာစစ်ကိုမရရှိခဲ့ဘူး။
ယုံကြည်မှုအပြည့်ရှိတဲ့ အချစ်ဟာ အတွင်းစိတ်အထိဖောက်ထွင်းလို့ရပါတယ်။ ယုံကြည်ရင်တော့ အကြည့်တစ်ချက်နဲ့တင် တစ်ဖက်သူရဲ့ရင်ထဲကို ရောက်ရှိနိုင်ပါတယ်။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment