Friday, January 8, 2010

ချစ်ရင်မထားခဲ့ပါနဲ့

“ကို ဘယ်တော့ လက်ထက်ကြမလဲ” ကောင်မလေးသိချင်နေတယ်။
“ခု အဆင်မပြေသေးဘူးလေ မင်းသိတဲ့အတိုင်းပဲ နောက်မှပေါ့” ကောင်လေးကျေနပ်အောင်ဖြေခဲ့တယ်။
“အော်…” စိတ်ပျက်ခြင်းမရှိ ပဲနေနေခဲ့တဲ့ကောင်မလေး…“ကလေးရှိရင်ကော…”
“ရှိနေပြီလား” ကောင်မလေးရဲ့လက်ကို တင်းကြပ်စွာကိုင်ပြီး မေးတယ်….
လက်နာသွားတယ်… “မေးကြည့်တာပါ။ ရှိရင်ပြောမှာပေါ့”
“သိလား ခုငါတို့ ကလေးယူဖို့လဲ မသင့်တော်သေးဘူး ကလေးယူတာလွယ်တဲ့အလုပ်မဟုတ်ဘူး။ ရှိရင်ပြော ဆေးရုံလိုက်ပို့ပေးမယ်”
“သိပါတယ်” ကောင်မလေးပြန်ဖြေခဲ့တယ်… ဒါပေမဲ့ ရင်ထဲမှာတော့ ကောင်လေးရဲ့စကားကို တကယ်မသိချင်ခဲ့ဘူး။ ကောင်လေးက လက်မထက်ချင်ရတဲ့ အကြောင်းရင်းကို ကောင်မလေးမသိဘူး။ မချစ်လို့လား။
ကောင်မလေးက အေးဆေးပြီး ငြိမ်းချမ်းမှုကိုလိုလားလို့ ကောင်လေးကို မပူပန်ဘူး။ အဆင်အပြေဆုံးဖြစ်အောင်နေခဲ့တယ်။ ဈေးဝယ်ထွက်တာကိုလဲ ကောင်လေး တစ်ခါမှမလိုက်ကူခဲ့ဘူး။ ကောင်မလေး ဒါတွေကို အကြောင်းပြပြီး ကောင်လေးစိတ်ညစ်အောင်မလုပ်ခဲ့ဘူး။
တစ်ရက်မှာတော့ ဈေးဝယ်လိုက်ဖို့တောင်းဆိုခဲ့တယ်…လိုက်ခဲ့ဖို့ပြောရင်းကနေ ကောင်မလေးက ရုတ်တရက် “ငါနင့်နဲ့ပဲ လက်ထက်ချင်တာ နင်ကလွဲလို့ ဘယ်သူ့ကိုမှလက်မခံဘူး”
ကောင်လေး ဒီစောင့်စားရတာကြာနေတဲ့ မျှော်လင့်ချက်တွေမဲ့လာတဲ့ မျက်ဝန်း ကို ကြည့်နေခဲ့တယ်။
“လက်ထက်ချင်တာလား ငါနဲ့ အတူနေချင်တာလား စာရွက်ကပဲ အရေးကြီးလို့လား”
လက်ထက်တာကို စာရွက်တစ်ရွက်လို့သဘောထားလဲ ရပါတယ် နင်ငါ့နဲ့ လက်ထက်ဖို့စဉ်းစားခဲ့လား။ နင့်ရဲ့အနာဂတ်မှာ ငါမရှိဘူးမလား”
“အစကတည်းက မခွဲဘူး အတူတူလို့ ပြောခဲ့တယ်လေ”
“ငါမေးတဲ့ မေးခွန်းကို နင်ဘယ်တော့မှ ဖြေမှာလဲ။ တော်ပြီ သွားတော့မယ်” ဆိုပြီး ကောင်မလေး တစ်ယောက်တည်း ဈေးဝယ်ခဲ့တယ်….
ဝယ်တဲ့အ၀တ်တွေများလွန်းလို့ ကောင်မလေး Taxi နဲ့ ပြန်ခဲ့တယ်…..
“ဒါတွေအားလုံး သေချာရွေးလာခဲ့တာ။ ကို ဒီအ၀တ်တွေကို သေချာဝတ်နော်။ ကို မကြိုက်ဘူးလို့ မပြောရဘူး။ ဒါပဲ ” ကောင်မလေး စကားလဲ ဆုံးရော ကောင်လေး ဘာလုပ်ရမှန်းမသိဘူး။
“ဒါပေမဲ့ ဒီလောက်အများကြီးဝယ်စရာလိုလား”
“၀ယ်တောင်ဝယ်ပြီးပြီ… နင်ငါ့ကို မဆဲပဲ ပိုချစ်ပါလား ဒီအ၀တ်တွေကို လဲ နှစ်သက်ပါလား နော် နော်” ကောင်မလေးရဲ့ ချွဲနွှဲ့သံကြောင့် ကောင်လေးအလျော့ပေးခဲ့တယ်….
“ဒီလကုန်ရင် အမေအိမ်ပြန်ပြီး အမေနဲ့ နေချင်တယ် ငါမနက်ဖန်လက်မှတ်ဝယ်ပြီးပြီ”
“ကြိုတင်စီစဉ်ပြီးမှ…” အရမ်းကို ချစ်ဖို့ကောင်းတဲ့ သူ့ရဲ့ကောင်မလေး ကလေးဆန်ပြီး နားလည်တက်တဲ့ ကောင်မလေး ကောင်လေးအရမ်းကို ကျေနပ်နေခဲ့တယ်။
ဒီလိုနဲ့ ကောင်မလေးမရှိတဲ့ လ၀က်ကို ကောင်လေး အထီးကျန်စွာဖြတ်သန်းခဲ့ရတယ်… ကောင်မလေးရဲ့ နွဲ့ဆိုးဆိုးတာတွေ ကျင်နာမှုတွေကို သတိရနေတယ်… ကောင်မလေးကို ပြန်လာဖို့ သူဖုန်းဆက်ခဲ့တယ်…
“ငါတို့လက်ထက်ကြမယ်”
“နင်ငါ့ကို လက်ထက်ချင်တာမှဟုတ်ရဲ့လား”
“ဟုတ်တယ် အစကတည်းကပါ.. ”
“ကောင်းပြီလေ။ ငါပြန်လာရင်ပေါ့” ကောင်မလေး ပျော်ရွှင်သွားတယ်။
ဒီလိုနဲ့ နောက်လ၀က်ကြာတဲ့အထိ ကောင်မလေး မပြန်လာခဲ့ဘူး။ ထပ်ဖုန်းဆက်တော့ ကောင်မလေးရဲ့ မောင်လေးက လာကိုင်တယ်။ ကောင်မလေး လုပ်စရာလေးတွေရှိလို့ မပြန်လာနိုင်သေးကြောင်းကို ပြောလိုက်တယ်။
ဒါပေမဲ့ တစ်ရက်မှာ ကောင်မလေးရဲ့ မောင်လေးဆီက ဖုန်းလာတယ်။ ကောင်မလေး ဆေးရုံတက်နေရတယ်။ ကောင်လေး ကောင်မလေးဆီလာခဲ့တယ်။ အစာအိမ်ကင်ဆာရနေတယ်။ ဖြူဖတ်ဖြူရော်နဲ့ လဲလျောင်းနေတဲ့ကောင်မလေးကို တွေ့လိုက်ရတာ ကောင်လေးအရမ်းကို ခံစားသွားရတယ်။ အချိန်၂လနောက်ကျသွားလို့…ခု…..
ကောင်မလေးက မစားချင်ဘူး ဆိုတာတွေ ၀ိတ်လျော့ရမှာတွေက အကြောင်းပြချက်တွေပါလား…ဆိုတာကို သူသိလိုက်ရပြီ.. သူ့ရဲ့ဂရုမစိုက်မှုတွေကြောင့်သူမသိခဲ့ဘူး။
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)

No comments:

Post a Comment