Friday, January 15, 2010

မှားလားမှန်လား

မှားလားမှန်လားဆိုတဲ့ကြားမှာ ငါအဖြေကိုလိုက်ရှာမိတယ်
အထီးကျန်လေမေတ္တာပိုငတ်မွတ်လေ
ချစ်ခြင်းမှာပျော်ရွှင်မှုနဲ့ပူဆွေးမှုတွေကအတူတွဲလျက်
မင်းနဲ့ပြန်ဆုံချင်တဲ့ဆိုတဲ့ စိတ်တခုနဲ့ ငါရှေ့ကိုဆက်လျှောက်ဆဲ
ဝမ်းနည်းမှုတွေကိုငါသိမ်းထားတယ် ငါလက်မခံသေးဘူး
ငါတို့တွေဟာ ရေခဲရေတစ်ခွက်ပမာအေးစက်လျက်
ကောင်းကင်ပေါ်ကကြယ်ကြွေတာကိုစောင့်ပြီးငါဆုတောင်းဆဲ
မင်းရဲ့ကျောပြင်ကိုကြည့်ပြီးကျန်ခဲ့တာကို ငါမမေ့သေးပါဘူး
ရှေ့မှာလမ်းတွေကြမ်းတမ်းနေတယ်ဆိုပေမဲ့ ငါတယောက်ထဲဆက်လျှောက်လျက်
ပျော်ရွှင်တဲ့နေ့ရက်က ရယ်မောသံကို ငါ့နားထဲကြားယောင်ဆဲ
ချစ်သူမရှိတော့ ငါ့ကိုအထီးကျန်မှုကငါကိုအဖော်ပြုနေတယ်
ငါခံစားချက်တွေပျောက်ကုန်ပြီ
ငါမှားသွားလား သူမှားတာလား
ငါမှန်တာလား သူမှန်တာလား
ဆိုတာ ဘယ်သူပြောပေးနိုင်မလဲ…………..
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment